Advertisements

လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စကာ နိုင်ငံတစ်ဝန်းမှ အလုပ်ရှင်များသည် မိမိတို့၏ နိုင်ငံခြားသား အလုပ်သမားများအတွက် အခွန်ဆောင်ရတော့မည်ဖြစ်သည်။

လူ့အရင်းအမြစ်ဝန်ကြီးဌာနက ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အလုပ်ရှင်အားလုံးသိ မိမိ အလုပ်ခန့်ထားသော နိုင်ငံခြားသားအလုပ်သမားများနှင့် ယာယီအလုပ်လုပ်ခွင့်ပါမစ်ကို ပြန်လည် အသက်တမ်းတိုးပြီး အလုပ်လုပ်နေသော အလုပ်သမားများအတွက် အခွန်ဆောင်ရမည်ဟု ဖော်ပြထားသည်။

‘‘ဒီမူဝါဒမတိုင်ခင်ကတည်းက အခွန်ဆောင်ထားတဲ့ အလုပ်ရှင်တိုင်းနဲ့ ဒီမူဝါဒက သက်ဆိုင်ပါတယ်။ အခွန်ဆောင်တာနဲ့ ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒတွေကို မလိုက်နာတဲ့ အလုပ်ရှင်တိုင်းကို အရေးယူသွားမှာပါ’ ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Advertisements
data-language="en"

အခွန်ဆောင်ရန်ပြဌာန်းချက်မှာ နိုင်ငံခြားသား အလုပ်သမားကို အလုပ် မခန့်အပ်ခင်တွင် ရေးထိုးရသော စာချုပ်ထဲတွင် ထိုအချက်ကို ထည့်သွင်းထားပြီးဖြစ်သည်။

မလေးရှားကျွန်းဆွယ်ပိုင်းတွင် စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ဝန်ဆောင်မှုတို့တွင် နိုင်ငံခြားသား အလုပ်သမားတစ်ဦးလျှင် ရင်းဂစ် ၁၈၅၀ သတ်မှတ်ထားပြီး စိုက်ပျိုးရေးကဏ္ဍတွင်တော့ ရင်းဂစ် ၆၄၀ သတ်မှတ်ထားသည်။ ဝန်ဖော်လုပ်ငန်းတွင်တော့ တစ်ဦးလျှင် ရင်းဂစ် ၄၁၀ မှ ၅၉၀ အထိ သတ်မှတ်ထားသည်။

နိုင်ငံခြားသား အလုပ်သမား စီမံမှု တိုးတက်စေရေးအတွက် မလေးရှား အစိုးရသည် လာမည့် ၂၀၂၀ ခုနှစ်၌ နိုင်င့အတွင်းတွင် နိုင်ငံခြားသား အလုပ်သမား ခန့်ထားမှုကို ၁၅ ရာခိုင်နှုန်းအထိသာ ကန့်သတ်ရန် လုပ်ဆောင်မှုများကဲ့သို့ ရှေ့ပြေးလုပ်ဆောင်မှုများ ပြုလုပ်နေသည်။

ထိုရည်မှန်းချက်ကို ပြည့်မိရန်အတွက် ပြီးခဲ့သည့် ၂၀၁၈ မတ်လ ၂၅ ရက်နေ့တွင် အစိုးရအဖွဲ့က ယခု ကောက်ခံမည် အခွန်ကိစ္စကို ယခုနှစ် ဇန်နဝါရီတွင် ကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်။

Source: FMT news

Leave a Reply