Advertisements

ထားဝယ် ၊ ဇွန်

ယခု ၂၀၁၈ ဇန်နဝါရီမှ မေလအထိ၊ ၅လအတွင်း၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိ်တ်ခရိုင်မှ လက်နက် ဖမ်းဆီးရမိမှု ယမန်နှစ် ကာလတူထက် ပိုများပြားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

“မြိတ်မှာအများဆုံးဖြစ်တယ်၊ မြိတ်က လူနေထူထပ်မှုများတာကိုး ”ဟု ၎င်းက ဆိုသည်။

အဆိုပါကာလအတွင်း လက်နက်ပုန်းမှုအနေဖြင့် ထားဝယ်ခရိုင်တွင် ၁၅မှု၊ မြိတ်ခရိုင်တွင် ၂၄မှု၊ ကော့သောင်းခရိုင်တွင် ၁၅မှု၊ ပေါင်း ၅၄မှု ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

တူမီးအမျိုးအစားအပါအဝင် သေနတ်များကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိပြီး လမ်းများ၌ ပိတ်ဆို့ဖမ်းဆီးစဉ် ဓါး၊ သံလက်သီးစွပ် အနည်းငယ်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲအရာရှိက ဖြည့်စွက်ပြောသည်။

ယမန်နှစ်က တစ်နှစ်တာကာလစလုံး၌ ထားဝယ်ခရိုင်တွင် လက်နက်ပုန်းမှု ၂၆မှု၊ မြိတ်ခရိုင်တွင် ၅၆မှုနှင့် ကော့သောင်းခရိုင်တွင် ၃၂မှု၊ ပေါင်း ၁၁၄မှု ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

Written by တင့်လွင်

Advertisements
<

Leave a Reply