Advertisements

လာမည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းစစ်အစိုးရက ကြေညာလိုက်သည်။

ထိုင်းစစ်အစိုးရသည်၂၀၁၄ခုနှစ်က အာဏာသိမ်းပြီးကတည်းက လုံခြုံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြလျက် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို မကြာခဏ ရွှေ့ဆိုင်းခဲ့သည်။

စစ်တပ်က ခန့်အပ်ထားသော ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ရွေးကောက်ပွဲကျင်းပမည့်ရက် အတိအကျကိုလာမည့် ဇွန်လတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

နတ်ရွာစံသွားခဲ့ပြီဖြစ်သော ဘုရင်ဘူမိဘော အဒူလျာဒတ်ဂျ်အား သင်္ဂြိုဟ်ရန် စီစဉ်နေချိန်တွင် ထိုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

ထို့အပြင် အမေရိကန်သမ္မတထရမ့်သည် ဗိုလ်ချုပ်ကြီး ပရာယွတ်နှင့် ဆွေးနွေးပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန် ဆုံးဖြတ်ချက်ချထားသော ထိုင်းနိုင်ငံ၏ သန္နိဋ္ဌာန်ကို ကြိုဆိုကြောင်း ထရမ့်က ပြောကြားလိုက်ပြီးနောက် ထိုကဲ့သို့ ကြေညာလိုက်ခြင်းလည်းဖြစ်သည်။

ထိုင်းစစ်တပ်သည် ၁၉၃၂ ခုနှစ် ယခုအချိန်အထိ ၁၂ ကြိမ်တိတိ အာဏာသိမ်း ခဲ့ပြီး လာမည့်ရွေးကောက်ပွဲပြီး နောက်နောင်တွင် အာဏာသိမ်းတော့မည်မဟုတ်ကြောင်း ယခုနှစ် အစောပိုင်းက ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် ရွေးကောက်ပွဲ စနစ်သစ်ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့သည်။

အဆိုပါအပြောင်းအလဲများကြောင့် ၂၀၁၁ခုနှစ်ကတည်းက ထိုင်းနိုင်ငံ ရွေးကောက်ပွဲတွင် အမြဲအနိုင်ရနေသည့် ထိုင်းနိုင်ငံ၏အကြီးဆုံးပါတီ ပွာထိုင်းပါတီအားနည်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

Source: BBC

Advertisements
<

Leave a Reply