၂၀၁၈ မှာ ရောင်းအား စံချိန် အမြင့်ဆုံးတင်ခဲ့တဲ့ ဟွာဝေး

ပေကျင်း မတ် ၂၉

ဟွာဝေးကုမ္ပဏီက ပြီးခဲ့သော ၂၀၁၈ခုနှစ်တွင် ရောင်းအား အမြင့်ဆုံး စံချိန်ချိုးနိုင်ခဲ့ကြောင်း မတ်လ၂၉ရက်တွင် ထုတ်ပြန်သည်။ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ရောင်းအားစာရင်းများတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံကြား ကုန်သွယ်ရေး တင်းမာမှုများရှိခဲ့သော်လည်း ဟွာဝေးထုတ်ကုန်များ၏ ရောင်းအားသည် တရှိန်ထိုးမြင့်တက်နေဆဲပင် ဖြစ်သည်။

ဟွာဝေးကုမ္ပဏီ၏ ရောင်းအားပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ၇ ဘီလီယံရှိခဲ့သည်။ ယင်းပမာဏသည် ယခင်နှစ်ကထက် ၁၉ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အသားတင်အကျိုးအမြတ်ရရှိမှု ၂၅ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သောနှစ်အတွင်းတွင် ဟွာဝေးထုတ်ကုန်ပစ္စည်းများကို မှာယူ သည့် ဝယ်လိုအား ကျဆင်းလျက်ရှိခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် စမတ် ဖုန်းအလုံးပေါင်း သန်း၂ဝဝ ကျော် ကမ္ဘာအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချ ထားခဲ့သည်။

ဟွာဝေးကုမ္ပဏီသည်5G ကြိုးမဲ့ကွန်ရက်မျိုးဆက်အသစ် ဖန်တီးမှု အတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံက ဟွာဝေးထုတ်ကုန်ပစ္စည်းများကို ဝယ်ယူ သုံးစွဲခြင်း မပြုကြရန် ၎င်း၏ မဟာမိတ်နိုင်ငံများအား တားမြစ်ပိတ်ပင် ထားကြောင်း သိရသည်။

သြစတြေးလျနှင့်အခြားသောနိုင်ငံများက အဆိုပါတားမြစ်ပိတ်ပင်မှုကို လိုက်နာမှုရှိခဲ့သော်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဆက်လက် သုံးစွဲမှုများ ရှိခဲ့ကြောင်း သိရသည်။

NHK

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.