မော်လမြိုင် ၊ ဇွန် ၈

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း များ ထုတ်ပြန်ကြေညာ ရာတွင် မွန်ပြည်နယ် က မြန်မာ တစ်နိုင်ငံလုံး တွင် အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၅၄ ဖြင့် ပထမ ချိတ်ခဲ့ကြောင်း ပညာ ရေးဝန်ကြီးဌာန က ဇွန်လ ၈ ရက်နေ့ က ထုတ်ပြန် သော တက္ကသိုလ်ဝင်တန်း အောင်စာရင်း များ အရသိရှိရသည်။

မွန်ပြည်နယ်တွင် တက္ကသိုလ် ဝင်တန်းဖြေဆိုသူ ၂၈၈၂၁ ဦးရှိသည့် အနက် ၁၀၈၁၉ ဦး အောင်မြင် ခဲ့သော ကြောင့် အောင်ချက်ရာခိုင်နှုန်း မြန်မာ တစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာန ၏ စာရင်း များ အရသိရှိရသည်။

၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ဖော်ပြပါဇယား တွင်မှု မန္တလေး တိုင်း က အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ဖြင့် ဒုတိယ ချိတ်လျက်ရှိသည်။

မွန်ပြည်နယ် သည် ၂၀၁၈ တက္ကသိုလ် ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း တွင်လည်း ၃၇. ဒသမ ၄၁ ရာခိုင်နှုန်း အထိ အောင်မြင်ခဲ့ပြီး မန္တလေးတိုင်း က မှု ၃၈ ဒသမ ၁၇ ရခိုင်နှုန်း အောင်မြင်ခဲ့သည်။

ပြီးခဲ့သည့် ငါး နှစ်တာ ကာလအတွင်း တွင် မွန်ပြည်နယ် နှင့် မန္တလေးတိုင်း ၊ ဧရာဝတီ တိုင်းတို့ မှာအောင်ချက် ရာခိုင်နှုန်း အကောင်းဆုံးဖြစ်သည့် ပြည်နယ် နှင့် တိုင်းဒေသကြီးများသည်။

Leave a Reply