ရန်ကုန်၊ သြဂုတ် ၃၀ ။ ။ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက်၂၁ ရာစုပင်လုံညီလာခံတွင် တက်ရောက်မိန့်ခွန်းပြောခြင်းထက် ညီလာခံအတွင်း ညှိနှိုင်းဆွေးနွေးမှုသည်သာ ပိုမိုအရေးကြီးကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားသည်။

Shwe man copy

သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အစိုးရဘက်မှ ကိုယ်စားပြု လေးဦး မိန့်ခွန်းပြောဆိုမည်ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ဘက်မှ ကိုယ်စားပြု တစ်ဦးသာ မိန့်ခွန်းပြောဆိုခွင့်ရခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

ယင်းဝေဖန်မှုများနှင့် ပတ်သက်ပြီး
ယနေ့ (သြဂုတ်လ ၃၀) ရက်နေ့က လွှတ်တော်ပရုံဝဏ်အတွင်း ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက “ဒီနေရာမှာ မိန့်ခွန်းပြောကြားဖို့က အဓိကလား၊ သို့မဟုတ်ရင် ဆွေးနွေးဖို့က အဓိကလား၊ ဒါကြောင့်မလို့ မိန့်ခွန်းပြောဖို့ ဒီညီလာခံတက်တယ်ဆိုရင်တော့ လိုအပ်ချက်ရှိ လိမ့်မယ်၊ အရေးကြီးတာက ငြိမ်းချမ်းရေးရဖို့အတွက် မိမိတို့ရဲ့ အယူအဆ၊ မိမိတို့ရဲ့ လိုလားချက်၊ မိမိတို့ ဘာတွေ ပေးတွေ ပေးနိုင်လဲဆိုတာ ဒီညီလာခံတွေမှာ ဆွေးနွေးရမှာဖြစ်ပါတယ်” ဟုဆိုသည်။

Leave a Reply