Advertisements

ရန်ကုန် ၊ အောက်တိုဘာ ၂၅

တတိယအကြိမ်မြောက် ၂၁ ရာစုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ် ယခုနှစ်၊ နိုဝင်ဘာတွင်တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း ပအို့ဝ် လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

ထိပ်သီးညီလာခံ ကျင်းပရန် ရည်ရွယ်ထားသော်လည်း မည်သည့်နေရာ နှင့် မည်သည့်အချိန်တွင် ကျင်းပပြုလုပ်မည်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ညှိုနှိုင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရယ်၊ လက်မှတ်မထိုးရသေးတဲ့သူတွေမှာ ဘာတွေအခက်အခဲရှိလဲ အဲ့ဒါကိုညှိုနှိုင်းတာ၊ ထိုးပြီးသားသူတွေမှာကော ဘာအခက်အခဲတွေရှိလဲ၊ အဲ့ဒါတွေညှိုနှိုင်းမှာ” ဟုု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောဆိုသည်။

ယခုထိ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှစ် ဖွဲ့သာရှိနေပြီး လက်နက်ကိုင်အဖွဲ့အစည်း ငါး ဖွဲ့ပူးပေါင်းဖွဲ့စည်းထားသော UNFC နှင့်လည်း NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရကဆောင်ရွက်နေသည်။

ဝ လက်နက်ကိုင်တပ်ဖွဲ့(UWSA) ဦးဆောင်သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနှစ် ဖွဲ့မှာယခုထိ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မှုမရှိသေးပေ။ ဒုတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမကျင်းပမီကလည်း KIA ထိန်းချုပ်နယ်မြေဖြစ်သော မိုင်ဂျာယန်တွင် တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးညီလာခံတစ်ခုကိုကျင်းပခဲ့ကြသည်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply