နိုင်ငံရေးပြဿနာကို အကြမ်းဖက်စစ်ရေးနည်းနှင့် ဖြေရှင်းမည်မဟုတ်ကြောင်း SSPP/SSA ကဆိုသည်။
နိုင်ငံရေးပြဿနာကို အကြမ်းဖက်စစ်ရေးနည်းနှင့် ဖြေရှင်းမည်မဟုတ်ကြောင်း SSPP/SSA ကဆိုသည်။
နိုင်ငံရေးပြဿနာကို အကြမ်းဖက်စစ်ရေးနည်းနှင့် ဖြေရှင်းမည်မဟုတ်ကြောင်း SSPP/SSA ကဆိုသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၄
အရပ်သားအစိုးရလက်ထက်တွင် ကျင်းပလျက်ရှိသည် ၂၁ ရာစုပင်လုံညီလာခံ-ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ကို အောင်မြင်သည်အထိ ပါဝင်သွားမည်ဖြစ်ကြောင်း အပစ်ရပ်လက်မှတ် NCA မထိုးရသေးသည့် ရှမ်းမြောက်လက်နက်ကိုင်အဖွဲ့ SSPP/SSA (ဝမ်ဟိုင်း)က ကြေညာလိုက်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးအပတ်မှ စတင်ပြီး ရှမ်းပြည်တိုင်းတက်ရေးပါတီ SSPP/SSA ဌာနချုပ်တွင် ဗဟိုကော်မတီအစည်းအဝေးကို ၁၇ ရက်အကြာ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ဆုံးဖြတ်ကြောင်း ကြေညာခြင်းဖြစ်သည်။
နိုင်ငံရေးပြဿနာကို အကြမ်းဖက်စစ်ရေးနည်းနှင့် ဖြေရှင်းမည်မဟုတ်ဘဲ နိုင်ငံရေးစားပွဲဝိုင်းတွင် တန်းတူမျှတ၊ အပြန်အလှန် နားလည်မှုရှိရှိဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း SSPP/SSA ၏ ကြေညာချက်တွင် ပါရှိသည်။
ထို့အပြင် ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် အစိုးရ၊ ပြည်သူလူထုနှင့် ပူးပေါင်းပြီး အားသွန်ခွန်စိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဇန်နဝါရီလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်ပြီး အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီးနောက် အပစ်ရပ်စာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
သို့သော်လည်း ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA ကမူ အပစ်ရပ်NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်ရှစ်ဖွဲ့တွင် ပါဝင်လျက်ရှိသည်။

Leave a Reply