Advertisements

မော်လမြိုင်၊ မတ်

ယခု မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအခမ်းအနားအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် Tin Ko Ko Business Group ကုမ္ပဏီလီမိတက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ကိုကိုက ဟသ๎ာမီဒီယာသို့ ပြောသည်။

မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံတွင် မတ်လ ၁၈ရက်မှ ၂၃ရက်အထိ ခြောက်ရက်အကြာ ပြုလုပ်သွားမည်ဟု ၎င်းက ဆိုသည်၊၊
“အစိုးရသစ်လက်ထက်မှာ မနှစ်ကစပြီး ပြန်လည်အကောင်ထည်ဖော်ပြီး ပြည်နယ်နေ့အထိမ်းအမှတ် ကျင်းပတယ်” ဟု ဦးတင်ကိုကိုက ပြောသည်။ ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် မွန်ပြည်နယ်အစိုးရရုံးမှ ပံ့ပိုးကူညီမှုများလည်း ရှိကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ယခင်နှစ်က (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကိုလည်း ပထမအကြိမ်အဖြစ် သံလွင်ဥယျာဉ်တွင် ကျင်းပခဲ့သည်၊၊
အဆိုပါပွဲတော်တွင် ဌာနဆိုင်ရာပြခန်းများ၊ ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်၊ ပျော်ပွဲရွင်ပွဲများ၊ ဇာတ်သဘင်ဖျော်ဖြေရေးများ၊ မွန်ရိုးရာအကအလှ ပြိုင်ပွဲများဖြင့် အထူးစည်းကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်၊၊

Written by ဂေထော

Advertisements
<

Leave a Reply