မော်လမြိုင် ၊ ဖေဖော်ဝါရီလ ၂၂ ။ ။ ၆၉ကြိမ်မြောက် ကျင်းပပြုလုပ်မည့် မွန်အမျိုးသားနေ့ ဦးတည်ချက်ကို ထောက် ခံကြောင်း အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကမွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ သို့ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း မွန်အမျိုးသားနေ့(ဗဟို)မှ တာဝန်ရှိသူများထံမှသိရသည်။
မွန်အမျိုးသားနေ့(ဗဟို)မှထုတ်ပြန်သော ၆၉ကြိမ်မြောက် မွန်အမျိုးသားနေ့ ဦးတည်ချက်များတွင် မွန်တစ်မျိုး သားလုံး စည်းလုံးညီညွတ်ရေး ပိုမိုခိုင်မြဲလာစေရန် အတွက်ကြိုးစား ဆောင်ရွက်ရန် ပါရှိသည်။
အဆိုပါ ဦးတည်ချက်များတွင် အမျိုးသားတန်းတူရေး၊ မွန်တို့၏ ကံကြမ္မာ- မွန်သာဖန်တီးရခွင့် အပြည့်အဝ ရရှိရေး၊ပြည်တွင်း ရေရှည် ငြိမ်းချမ်းရေး တည်ဆောက်သွားရန် နှင့်ဒီမိုကရေစီ တစ်ဖက်ပြည်ထောင်စု စစ်စစ် တည် ဆောက်သွားရန် လည်း ဖော်ပြ ပါရှိသည်။
“အလွန် သင့်မြတ်လျော်ကန်ပြီး အချိန်အခါနဲ့ကိုက်ညီ တဲ့ရည်တရွယ်ချက်ဖြစ်ပါတယ်၊ အခုလို တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အသွင်ကူပြောင်းရေး ကာလမှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ပြည်ထောင်စုသားတွေ ရည်ရွယ်ချက်ထားတာ အားရကျေနပ်စရာပဲဖြစ်ပါတယ်”ဟု ၆၉ကြိမ် မြောက် မွန် အမျိုးသားနေ့အတွက်ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သဝဏ်လွှာတွင် ပါရှိသည်။
(၆၉)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)ကို၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ချောင်းဆုံမြို့နယ်၊ ကလော့ကျေးရွာတွင် ကျင်းပပြုလုပ် မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် (၆၉)ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ပထမဦးဆုံးသဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် (၆၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က သဝဏ်လွှာ ပေးပို့ ရန် အတွက်လည်းတောင်းဆိုထားကြောင်း မွန်အမျိုးသားနေ့(ဗဟို)ဖြစ်မြောက်ရေး ကော်မတီ ထံမှသိရသည်။