၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

မြဝတီ ဇန်နဝါရီ ၄

၂၀၁၉ ခုနှစ် ၇၁ – နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ မိနစ်၂၀ အချိန်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ထို့နောက် နံနက် ၇ နာရီအချိန်တွင် မြစန္ဒီ စင်မြင့်ရင်ပြင်၌ လွတ်လပ်ရေးနေ့အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

တက်ရောက်လာသူများက ရှေးဦးစွာ နိင်ငံတော်အလံကို အလေးပြုကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၊ ကျဆုံးလေပြီးသော ရဲဘော်ရဲဘက်များကိုလည်း အလေးပြုခဲ့ပြီူးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဖတ်ကြားခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက အားကစားပြိုင်ပွဲများ၊ စာပေ၊ ပန်းချီနှင့် ကျပန်းစကားပြောအပါအဝင် ကဏ္ဍအလိုက် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့သည်။

ဆုလာဘ် – မြဝတီ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.