Advertisements

မော်လမြိုင်၊ ဇွန် ၇

မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ဇွန် ၆ ရက် ည နာရီခန့်က ကျူရှင်အပြန် ၇ တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်ပေါ် အတင်းအကြပ်ဆွဲတင်ထွက်ပြေးသူ အမျိုးသား တစ်ဦးကို ရပ်ကွက်ဒေခံများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့ ည၉ နာရီ အချိန်တွင် ကျူရှင်သွားပြီး နေအိမ်သော ပြန်လာသော ၇ တန်းကျောင်းသူ ကို မိခင်ဖြစ်သူက သွားကြိုရန် နေအိမ်ရှေ့သို့ ထွက်လာစဉ် သမီးဖြစ်သူမှ ပြေးလာပြီး “အမေ အမေ သမီးကို နောက်က လူတစ်ယောက် လက်ကိုဆွဲပြီး ဆိုင်ကယ်ပေါ်တင် မောင်းပြေးလို့ ခုန်ဆင်းလာ ထွက်ပြေးလာတာ” ဟု ရဲစစ်ဆေးခဲ့စဉ်က ထွက်ဆိုခဲ့ကြောင်း ဇေယျာသီရိနယ်မြေရဲစခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

၇ တန်းကျာင်းသူ မိန်းကလေးငယ်၏ ပြောပြချက်အရ မိသားစုဝင်များက ရပ်ကွက်အတွင်းလိုက်လံရှာဖွေခဲ့စဉ် ရွှေမြိုင်သီရိရပ်ကွက်ရှိ ရတနာပုံလမ်းထိပ်၌ ထို အမျိုးသားကို ဆိုင်ကယ်နှင့်အတူ တွေ့ရှိခဲ့သဖြင့် ရပ်ကွက်ရာအိမ်မှူး နေအိမ်သို့ ဖမ်းဆီးခေါ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဖမ်းဆီးထားသည့် အမျိုးသားကို စစ်ဆေးမေးမြန်းခဲ့ရာ မော်လမြိုင်မြို့ မဟာမြိုင်ရပ်ကွက်၊ မြို့ရှောင်လမ်းနေ နိုင်လင်း (၃၃ နှစ်) ဖြစ်ကြောင်း သိရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ဇေယျာသီရိနယ်မြေရဲတပ်ဖွဲ့သို့ ရပ်ကွက်လူကြီးမှ တစ်ဆင့် အပ်နှံပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သမီးဖြစ်သူအား အိန္ဒြေအောင် လက်ကိုင်၍ ဆိုင်ကယ်ပေါ်သို့ အတင်းအကြပ် ဆောင်မောင်းနှင်သူ နိုင်လင်းကို ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၁၉၁၅/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ခေတ်မင်း

Photo:Shwe Myine

Advertisements
<

Leave a Reply