Advertisements

မော်လမြိုင်၊ စက်တင်ဘာ

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၈) ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကိုကျိုက်မရောမြို့နယ် ခရုံဂူတွင်ကျင်းပသွားမည်ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍(၈) ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို လက်ခံကျင်းပရန်အတွက် စက်တင်ဘာလ ၈ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာရှိ ရာမညနိကာယ ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ မွန်သံဃာတော်များနှင့် မွန်ပြည်သူများ ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ခရုံဂူအနားကျင်းပရန် ဆုံးဖြတ်ထားသောကြောင့် လက်ပံကျေးရွာ၊ ခရုံဂူကျေးရွာ ၊ ကော့စိုက်ကျေးရွာနှင့် ကော့ဇွယ်ကျေးရွာတို့က တာဝန်ယူပြီး ဆောင်ရွက်သွားမည့်အပြင် မွန်လူငယ်နေ့ကျင်းပရာတွင် ကျေးရွာအစွဲများ မရှိသည့်အတွက်စည်းစည်းလုံးလုံးနှင့် (၈) ကြိမ်မြောက် မွန်လူငယ်နေ့ဖြစ်သွားမည်ဖြစ်ကြောင်းအစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

“သူတို့ ရွာဒေသခံတွေ တာဝန်ခံ၊ တာဝန်ယူနိုင်တယ်ဆိုတော့ ကျွန်တော်တို့ မွန်လူငယ်ဆုံရပ်အနေနဲ့ အတိုင်းမသိဝမ်းသာတယ်”ဟု မွန်လူငယ်ဆုံရပ် (MYF) အတွင်းရေးမှူး နိုင်ဇာနည်ဦးက ပြောသည်။

(၈) ကြိမ်မြောက် မွန်လူငယ်နေ့ကို  ကျိုက်မရောမြို့နယ်မှာကျင်းပမည်ဖြစ်သည့်အတွက်မွန်လူငယ်ဆုံရပ်အမှတ်တံဆိပ်ကို သွားရောက်သယ်ယူမည့်အခမ်းအနားအား ကျိုက်မရောဒေသခံနှင့် မွန်လူငယ်ဆုံရပ်တို့ညှိနှိုင်းအစည်းအဝေးကျင်းပပြီးမှသာ ယင်းကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်လူငယ်နေ့ကို ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ်အဖြစ် တောင်ပေါက်ကျေးရွာ၊ ဒုတိယအကြိမ်ကို မော့ကနင်ကျေးရွာ၊ တတိယအကြိမ်ကို နှီးပဒေါကျေးရွာ၊ စတုတ္ထအကြိမ် ကော့ဘိန်းကျေးရွာ၊ ပဥ္စမအကြိမ်မြောက် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာ၊ ဆဋ္ဌမကြိမ်မြောက် ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာနှင့် သတ္တမကြိမ်မြောက်တွင်သံလှယ်ကျေးရွာတို့တွင် ကျင်းပခဲ့သည်။

ရွှေရိုး

Advertisements
<

Leave a Reply