Advertisements

ထားဝယ်၊ ဖေဖော်ဝါရီ

ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်တွင် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို မည်သူမည်ဝါ မသိလိုက်ရသူတစ်ဦးက ဖေဖော်ဝါရီလ ၂၀ ရက်၊ ညပိုင်း၌ အိပ်ရာထက်မှ ခိုးယူခေါ်ဆောင်သွားပြီး သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့၍ ထားဝယ်မြို့မ ရဲစခန်းသို့ ဖခင်ဖြစ်သူကတရားလိုပြုလုပ်တိုင်ကြား အမှုဖွင့်လာကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ယင်းညက ဖခင်ဖြစ်သူမှာ သမီးနှင့်အတူ နေအိမ်အောက်ရှိ ကွပ်ပျစ်တွင် အတူအိပ်ပြီး ညီဖြစ်သူမှာ ယင်းကွပ်ပျစ် အရှေ့ဘက်ခြမ်းတွင်အိပ်ခဲ့ကြောင်း၊ ကျန်မိသားစုဝင် ၃ ဦးမှာ အိမ်အပေါ်ထပ်တွင်အိပ်ကြကြောင်း၊ ည ၉ နာရီအချိန်တွင် အဆိုပါကလေးမမှာ ရေဆာသဖြင့် ရေတိုက်လိုက်ပြီး ပြန်အိပ်နေခဲ့ကြောင်း၊ မိခင်က အိပ်ရာမှနိုးပြီး နေအိမ်အောက်သို့ ဆင်းလာသောအခါ သမီးဖြစ်သူ မရှိသည်ကို သိရသဖြင့် လိုက်လံရှာဖွေရာ မိနစ် ၃၀ ခန့်အကြာတွင် နေအိမ်နှင့်တစ်အိမ်ကျော်ရှိ ငှက်ပျောတောတွင် တွေ့ရှိရပြီး လူတစ်ဦးမှာထွက်ပြေးသွားကြောင်း ရဲမှုခင်းမှတ်တမ်းတွင် ရေးသားထားသည်။

ယင်းနေရာတွင် အနက်ရောင် ရှူးဖိနပ် တစ်ရံ ကျန်ခဲ့သည်ဟုလည်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ သံသယရှိသူများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်ဟု သိရပြီး အခြေအနေအပေါ် “စစ်ဆေးနေဆဲ၊ အတည်ပြုလို့ မရသေးဘူး” ဟုဖေဖော်ဝါရီလ ၂၂ ရက်နေ့၊  ညနေ ၃ နာရီ ခန့်က ယင်းစခန်းမှ ရဲအုပ်စိုးနိုင်က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထားဝယ်မြို့မရဲစခန်းမှ (ပ) ၄၀၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့်ထားသည်။

တင့်လွင်

Advertisements
<

Leave a Reply