သံဖြူဇရပ်မြို့နယ်ရှိ ကျေးလက်လမ်းများကို နှစ်နှစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်မည်

140

မော်လမြိုင်၊ နိုဝင်ဘာ

သံဖြူဇရပ်မြို့နယ်အတွင်း ရှိ ကျေးလက်လမ်းများကိုစံချိန်တင် မီကျေးလက်လမ်းများအဖြစ် နှစ်နှစ်အတွင်း ပြီးစီးအောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

အဆိုပါလမ်းပိုင်းများ အဆင့်မြှင့်တင် ဆောင်ရွက်ရာ၌ ကျိုက္ခမီတစ်ပိုင်း ၊ ပငကျေးရွာမှ အနင်းကျေးရွာအထိ တစ်ပိုင်းဟူ၍ နှစ်ပိုင်းခွဲ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ပင-အနင်းကျေးရွာချင်းဆက် လမ်းပိုင်းကို စတင်ပြုပြင်လျက်ရှိပြီး ကျေးရွာ အတွင်းပိုင်းလမ်းများကိုပါကွန်ကရစ်လမ်းခင်းပေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

စရိတ်သုံးစွဲမှုအခြေအနေအားဖြင့် ယခင်က ကျေးလက်လမ်း တစ်မိုင်လျှင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ငွေကျပ်သိန်းတစ်ထောင့် ခြောက်ဆယ်သာ အကုန်ကျခံခဲ့သော်လည်း ယခုအခါ တစ်မိုင်လျှင် ငွေကျပ်သိန်းနှစ်ထောင့်နှစ်ရာအထိ စရိတ်တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းများကို ယခင်က ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ဆောက်လုပ်ရေးဦးစီးဌာနမှ ရှေ့ပြေးစီမံချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

လမ်းပိုင်းများကို ဆောက်လုပ်ပြီးပါက တံတားများကို လည်း ကျေးလက်ရန်ပုံငွေဖြင့် ဆက်လက်ပြုပြင်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်းများ
ပြုပြင်ခြင်းအတွက် ပြင်ပကုမ္ပဏီနှစ်ခုကို တင်ဒါစနြစ်ဖင့် လုပ်ဆောင်စေခဲ့ပြီးဖြစ်ကာ ပြည်နယ်အစိုးရမှလည်း သီးခြားရန်ပုံငွေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

Written by – ရင်ငြိမ်းချမ်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်