ယခုဘဏ္ဍာနှစ်တွင် ဈေးကြိုမီးပွိုင့်မှ သံဖြူဇရပ်အဝိုင်းအလွန်ထိ နိုင်လွန်ကတ္တရာ ခင်းမည်

177

မော်လမြိုင်၊ ဒီဇင်ဘာ ၁၀

မော်လမြိုင်မြို့၊ ဈေးကြိုမီးပွိုင့်မှ သံဖြူဇရပ်အဝိုင်း ကျော်အထိ ၃၉ မိုင်ရှည်လျားသည့် လမ်းပိုင်းအနက် မိုင် ၂၀ အတိုင်းအတာကို အေးကို ဆောက်လုပ်ရေးုမိသားစု ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ နိုင်လွန်ကတ္တရာ ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် ခင်းမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျန်ရှိသည့် ၁၇ မိုင်ကို လာမည့် ဘဏ္ဍာနှစ်မှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထ့ိုပြင် ကမာဝက်မြို့အထွက်ရှိ တံတားကို လေးလမ်းသွား အနေအထားဖြစ်စေရန်အတွက် အကျယ် ၄၈ ပေရှိ တံတားသစ်တစ်စင်းကိုလည်း ယခုနှစ်တွင် အပြီးဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းလမ်းပိုင်းများကို ပြင်ဆင်ပြီးပါက လမ်းအသုံးပြုခ တိုးမြှင့်ကောက်ခံခြင်း ရှိ၊ မရှိကို လမ်းဦးစီးဌာန တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သာ ဖြစ်သည့်အတွက် မသိနိုင်သေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လမ်းပိုင်းကို လမ်းဦးစီးဌာန၏ ညွှန်ကြားချက်နှင့် အညီ BOT စနစ်ဖြင့် လမ်းအသုံးပြုခနှုန်းထား ကောက်ခံသည့် အထက်ပါ ကုမ္ပဏီက တာဝန်ယူ၍ လမ်းပိုင်းအတွက် ငွေကျပ် သိန်းပေါင်း လေးသောင်း လျာထားလျက်ရှိကြောင်း သိရသည်။

Written by ရင်ငြိမ်းချမ်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်