Advertisements

မော်လမြိုင်၊ ဇန်နဝါရီ ၁၄

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို အသိအမှတ်ပြုစရာမလိုတော့ကြောင်း မွန်ပြည်သူ့ညီလာခံ ဒုတိယနေ့တွင် ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တသီလစာရက အဖွင့်မိန့်ခွန်း၌ ထည့်သွင်း မိန့်ကြားခဲ့သည်။

“မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီတစ်ရပ် ဖွဲ့စည်းသင့်တယ်။ ဒါကြောင့် အခုအချိန်ကစပြီး သူတို့နှစ်ပါတီရဲ့အကြောင်းကို ပြောစရာလဲ မလိုတော့ဘူး။ တစ်မျိုးသားလုံးအနေနဲ့ သူတို့ကို အသိအမှတ်ပြုစရာလဲ မလိုတော့ဘူး”ဟု ဥက္ကဋ္ဌက မိန့်ကြားသည်။

ထို့အပြင် မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် နိုင်ငံရေး ပါတီ တစ်ရပ်ဖွဲ့ ဖွဲစည်းသင့်ကြောင်းလည်း မွန်ပြည်သူများက တင်ပြထားကြောင်း ဥက္ကဋ္ဌက မိန့်ဆိုသည်။

အဆိုပါ နိုင်ငံရေး ပါတီ နှစ်ပါတီကလည်း ညှိနှိုင်းရေးအဖွဲ့ကို အသိအမှတ် မပြုကြောင်း ညီလာခံ မကျင်းပခင် အချိန်ကတည်းက ပြောဆိုထားသည်။

 

“ညှိနှိုင်းရေးအဖွဲ့ကို အသိအမှတ်မပြုရင် တစ်မျိုးသားလုံးကို အသိအမှတ်မပြုဘူးဆိုတာ သက်ရောက်တယ်။ ဒါကြောင့် ဆရာတော် ပြောတာကို ထောက်ခံတယ်”ဟု မွန်ပြည်သူ့ညီလာခံကို တက်လာသူတစ်ဦးက ပြောသည်။

ညီလာခံ ဒုတိယနေ့မှာ မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုမည့် ပါတီတစ်ရပ် ဖွဲ့စည်းမည့် ကိစ္စကို အဓိကထား ဆွေးနွေးနေကြပြီး ဖြစ်ပါသည်။

မွန်နိုင်ငံရေးပြဿနာ အဖြေရှာနိုင်ရေးနှင့် မွန်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် မွန်ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၁၃ ၊ ၁၄ ရက်တို့မှာ မော်လမြိုင်မြို့သာသနာ ၂၅၀၀ ဓမ္မာရုံ၌ ကျင်းပ လျက်ရှိသည်။

Written byရွှေရိုး

Advertisements
<

Leave a Reply