သီချင်းအသစ် ထုတ်လုပ်လိုက်သည့် ထိုင်းဝန်ကြီးချုပ်

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရေးသားထားသော ပေါ့သီချင်းကို ယူကျုပေါ်တင်ခဲ့ရာ လူကြိုက်မများခဲ့ပေ။ မကြိုက်ကြောင်း Thumb down လုပ်သူပေါင်း ၂၅၀၀၀ ကျော်ရှိပြီး ကြိုက်သည့်ပုံစံ Tumb up လုပ်ပြသူပေါင်း ၁၀၀၀ သာရှိသည်။

အချို့လူများကတော့ ပရာယွတ်ချန်အိုချာရေးထားသည့် Diamond Heart မှာ နိုင်ငံကို ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်လက်ဆောင်ပေးခြင်းဟု ယူဆနေကြသော်လည်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကတော့ ထိုအဓိပ္ပာယ်မဟုတ်ဟု ငြင်းဆိုခဲ့သည်။

ပရာယွတ်မှာ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲများကိုလည်း အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့သည်။

ဝေဖန်သူများကတော့ ၎င်းတို့ လိုချင်သည်မှာ ရွေးကောက်ပွဲအသစ်ဖြစ်ပြီး သီချင်းအသစ်မဟုတ်ဟု ထောက်ပြပြောဆိုနေကြသည်။ Diamond Heart ကို ဝန်ကြီးချုပ် ပရာယွတ်က ရေးသားခဲ့ကာ တော်ဝင်ထိုင်းစစ်တပ်မှ အရာရှိတစ်ဦးက သီဆိုခဲ့ခြင်းဖြစ်သည်။

သီချင်းစာသားများမှာ ကြုံတွေ့နေရာသည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားမည်ဟု အမျိုးသမီးတစ်ဦးအား ကတိပြုနေဟန် ရေးဖွဲ့ထားသည်။

Chorus ပိုဒ်၏ အဓိပ္ပာယ်မှာ ‘မင်းနှလုံးသားကို စိန်တစ်ပွင့်လို မာကျောအောင် လုပ်လိုက်စမ်းပါ ငါတို့ အတူ လက်တွဲထားရင် အဟန့်အတား ဆိုတာလည်း ဘာမှ မဟုတ်ပါဘူးငါတို့ ရလိုက်တဲ့ သင်္ခန်းစာတွေက နေတိုင်း အသစ်တွေချည်းပါတို့အိမ်မက်တွေကို ခိုင်မာအောင် တည်ဆောက်ကြမယ်’ ဟု အဓိပ္ပာယ်ထွက်သည်။

လူမှုကွန်ရက်တွင်တော့ အဆိုပါ သီချင်းခေါင်းစဉ်ကို နိုင်ငံရေးသဘောများဖြင့် ရေးသား ပြောဆိုနေကြသည်။
‘စိန်ပွင့်လို ခိုင်မာတဲ့ နှလုံးသားရှိသူဟာ တစ်နေ့ပြီး တစ်နေ့ လိမ်ညာမနေဘူး။ မိန်းမတစ်ယောက်ဆီကနေ အာဏာကို လုမယူဘူး’ ဟု တွစ်တာသုံးစွဲသူတစ်ဦးက ရေးသားခဲ့သည်။

မစ္စတာပရာယွတ်မှာ ရွေးကောက်ပွဲကို ကြိမ်ဖန်များစွာ ရွှေ့ဆိုင်းပြီးနောက် လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကတိပြုထားသည်။ သို့သော် လွှတ်တော်က အတည်ပြုလိုက်သော ဥပဒေအရဆိုလျှင် ရွေးကောက်ပွဲမှာ ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းသွားနိုင်သည်။

ထိုင်းနိုင်ငံ၏ သမိုင်းတွင် ၁၉၃၂ ခုနှစ်မှစကာ ယခုအချိန်အထိ စုစုပေါင်း ၁၂ ကြိမ်မျှ စစ်တပ်က အာဏာသိမ်းခဲ့ဖူးသည်။

Source: BBC

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်