တရုတ်နိုင်ငံတွင် ပထမဆုံးသော H7N4 ငှက်တုပ်ကွေးကူးစက်ခံရမှုတွေ့

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အမျိုးသမီးတစ်ဦးမှာ H7N4 ငှက်တုပ်ကွေးကူးစက်ခံနေရပြီး အဆိုပါ ကူးစက်ခံရမှုမှာ လူသားတွင် ပထမဆုံး ကူးစက်ခံရမှုဖြစ်ကြောင်း တရုတ် အာဏာပိုင်များထံမှ သိရသည်။

ဟောင်ကောင်နိုင်ငံ အာဏာပိုင်များကတော့ ဟောင်ကောင်နိုင်ငံသားများအနေဖြင့် တရုတ် ပြည်ပကြီးထဲသို့ ခရီးသွားပါက စိုစွတ်သော ဈေးများသို့ မသွားကြရန်၊ ကြက်ခြံများသို့ မသွားရောက်ကြရန် သတိပေးနှိုးဆော်ထားသည်။

ယခုအခါတွင် ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားပြီဖြစ်သော ဂျန်ဆူးပြည်နယ်မှ ၆၈ နှစ်အရွယ် လူနာတစ်ဦးသည် ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စကာ ရောဂါလက္ခဏာများ စတင်ခံရစားရသဖြင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးရုံတက်ရောက် ကုသခဲ့ပြီး ၂၂ ရက်နေ့တွင် ၎င်းကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

‘သူက ဒီလို ရောဂါလက္ခဏာတွေ မခံစားရသေးင်မှာ ကြက်ခြံဘဲခြံတွေနဲ့ အထိအတွေ့ရှိတယ်။ တရုတ်နိုင်ငံ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနရဲ့ အဆိုအရ ဒီဗိုင်းရပ်စ်ရဲ့ မျိုးရိုးဗီဇဟာ ငှက်တွေနဲ့ ဆက်စပ်နေတယ်’ ဟု ဟောင်ကောင်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ အဆိုအရ လူသို့ ကူးစက်နိုင်သည့် ငှက်တုပ်ကွေးအမျိုးကွဲများမှာ H5၊ H7၊ H9 တို့ဖြစ်ကြောင်းသိရသည်။ H7 ဗီုင်းရပ်အမျိုးကွဲ ကိုးခုအနက် H7N4 ဗိုင်းရပ်စ် လူသို့ကူးစက်မှုမှာာ ရှားပါးကြောင်း သိရသည်။

၁၉၉၇ ခုနှစ်က ဟောင်ကောင်တွင် လူပေါင်း ၁၈ ဦး H5N1 ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ၆ ဦး သေဆုံးခဲ့ပြီးနောက်တွင် ဟောင်ကောင်အစိုးရသည် လူသို့ကူးစက်နိုင်သည့် ကြက်ငှက်တုပ်ကွေး ကပ်ရောဂါသဖွယ်ဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။

Source:The Guardian

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်