နွေနှောင်း လွန် စ ကျန်းမာရေး

အယ်နီညိုကြောင့် နောက်ကျခဲ့သော မိုးရာသီက မွန်ပြည်နယ်ကို သို့စတင်ကျရောက်လာပြီဖြစ်သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေလ တတိယပတ်အတွင်း မွန်ပြည်နယ်အတွင်း နေရာ စိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်းထုတ်ပြန်ချက်နှင့်အတူ မေလ ၁၈

ရက်နေ့မှစ၍ မုဒုံ၊မော်လမြိုင်နှင့် အခြားမြို့ နယ်များတွင် မိုးများစတင်ရွာသွန်းနေပြီဖြစ်သည်။

ထိုကြောင့် နွေအကူး၊မိုးအပြောင်းကာလအတွင်း ဖြစ်ပွားလေ့ရှိသည့်ရောဂါများနှင့်ပတ်သက်၍ စာဖတ် ပရိတ်သတ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟင်္သာမီဒီယာသို့ သက်ဆိုင်ရာ ဆရာဝန်များ၊ ကျန်မာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကပြောကြားသော နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။

Untitled-3

ဖြစ်ပွားလေ့ရှိသည့် ရောဂါများ

နွေအကုန်မိုးအကူးကာလများတွင် များသောအားဖြင့်ဖြစ်ပွားလေ့ရှိသော ရောဂါများမှာ အအေးမိ၊နှာစေး၍ ဖျားနာခြင်း (အရပ်အခေါ်တုပ်ကွေးရောဂါ)နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ပုံမှန်ဖြစ်ပွားလေ့ရှိသည်။

ယခုကာလတွင် ဗိုင်းရပ်စ်ပိုးကြောင့် မျက်စိနာခြင်း၊ မျက်လုံးနီရဲလာခြင်း၊ မျက်ဝပ်ပိုထွက်ခြင်း၊ မျက်လုံး ရောင်ခြင်းနှင့် လည်ချောင်းနာခြင်းများမှာလည်း ယခုကာလတွင် သတိထားရမည့်ရောဂါများဖြစ်သည်။

ဖော်ပြပါရောဂါများအပြင် ကလေးငယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေး ရောဂါမှာလည်း ယခုရာသီရောက်ရှိပါက မွန်ပြည်နယ်အတွင်း မကြာခဏဖြစ်ပွားသော ရောဂါတစ်ခုဖြစ်သည်။

ခြင်ကိုက်ခံရာမှဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါသည် မွန်ပြည်နယ်အတွင်း နှစ်စဉ်နီး ပါးဖြစ်ပွားလေ့ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်နယ်အတွင်း စံချိန်တင်ဖြစ်ပွားခဲ့ကြောင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဦးစီးဌာနမှ သိရှိရသည်။

အနေအထိုင်အရေးကြီးတဲ့ အအေးမိ၊ဖျားနာ တုပ်ကွေးရောဂါ

နေ့အပူချိန်ပြင်းထန်နေချိန်တွင် ရုတ်တရက် မိုးရွာချခြင်းကို မရှောင်ရှားနိုင်ပါက ဖျားနာခြင်း ဖြစ်နိုင်သည့် အတွက် ရပ်နီးရပ်ဝေးခရီးသွားရာတွင် ထီး၊မိုးကာ အစရှိသည်များကို တစ်ပါတည်းယူဆောင်သွားသင့်သည်။

ထိုသို့မဟုတ်ဘဲ မိုးမိခဲ့ပါက အအေးပတ်မခံဘဲ နွေးနွေးထွေးထွေးနေသင့်ကြောင်း မော်လမြိုင်မြို့အခြေစိုက် ဆရာဝန်ကြီးများက ပြောဆိုကြသည်။
ထို့ပြင်မိုးဦးကာလတွင် ရုတ်တရက်ရွာချသည့် မိုးရေကို မချိုးသင့်သေးဘဲ စောင့်ဆိုင်းသင့်ကြောင်း ၎င်းတို့က အကြံပြုသည်။

အစားအသောက်သတိထားရမဲ့ ဝမ်းပျက်ဝမ်းလျှော

ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားကြောင့်လည်း ဖြစ်ပွား လေ့ရှိကာ အသက်ငါးနှစ်အောက်ကလေးငယ်များတွင် ဖြစ်ပွားပါက အသက်အန္တရာယ်ကို စိုးရိမ်ရကြောင်း အထွေထွေရောဂါကုဆရာဝန်များက ပြောဆိုကြသည်။

အဆိုပါရောဂါဖြစ်ပွားခြင်းကို ကာကွယ်ရန် လက်သုပ်စုံ၊ လက်သုပ်ချဉ် များကို မဆင်မခြင်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်သည်။

မလွှဲမရှောင်သာ စားသုံးပါကလည်း သန့်သန့်ရှင်းရှင်းသုပ်ထားသည့် အသုပ်များကို စားသုံးသင့်သည်။ အသီးအနှံများစားသုံးရာတွင်လည်း အမှည့်လွန်အသီးနှံများကို ရှောင်ရှားပါ။
ရေသောက်သုံးရာတွင်လည်း ကျိုချက်ပြီးသောရေ နှင့် သန့်ရှင်းသောရေများကို သောက်သုံး သင့်ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။
ထို့ပြင် ဝမ်းပိတ်ဆေးမျာကို အလွယ်တကူမသောက်သုံးသင့်ဘဲ ဆရာဝန်နှင့်သာပြသသင့်သည်။

မျက်စိနာနှင့်ဆက်စပ်ရောဂါများ

မျက်စိနာခြင်း၊ မျက်လုံးနီရဲလာခြင်း၊ မျက်ဝပ်ပိုထွက်ခြင်း၊ မျက်လုံးရောင်ခြင်းများမှာမူ မိုးဦးကာလ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်ပွားလေ့ရှိသောရောဂါဖြစ်ပြီး နေအိမ်အတွင်းနေထိုင်စဉ်၌ပင်ဖြစ်ပွားလေ့ရှိကြောင်း
ထိုသို့ဖြစ်ပွားပါက အလွယ်တကူမျက်စဉ်းဆေးများကို ဝယ်ယူသုံးစွဲပါက မျက်စိကိုပိုမိုထိခိုက်စေနိုင်သည်။

“မျက်စိနာလို့ရှိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ တွေ့ရာဆေးနဲ့ ခပ်တဲ့အခါ လိုအပ်တဲ့ဓာတ်ပါသလို၊ မလိုတာလည်း ပါနိုင်တဲ့ အတွက်ကြောင့် တတ်ကျွမ်းတဲ့သူတွေကိုပြတာ ပိုကောင်းတယ်။မျက်စဉ်းဆေးကို တွေ့ရာဆေးနဲ့ ခပ်လို့ရှိရင် ဆိုင်ကမျက်စဉ်းဆေးထဲမှာပါတဲ့ အချို့ဓာတ်တွေကြောင့် မျက်စိကိုပိုပြီးပျက်ဆီးသွားတာ မျိုးဖြစ် နိုင်တယ်”ဟု မော်လမြိုင်မြို့ရှိ ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။

ယင်းကြောင့်နီးစပ်ရာကျေးလက်ဆေးပေးခန်းများနှင့် ဆရာဝန်များထံတွင်သာ ပြသသင့်ကြောင်း ဆရာဝန်များ က အထူးသတိပေးပြောဆိုသည်။
အရေးကြီး သွေးလွန်တုပ်ကွေး
မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါမှာ မွန်ပြည်နယ်အတွက် ကပ် ရောဂါလိုဖြစ်နေကြောင်း ပြောကြားကြသည်။

သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်လာမှ ကုသမယ်ဆိုသည့် အတွေးမျိုးကိုတွေးကြပြီး မဖြစ်ခင်ကြိုတင်ကာ ကွယ်ရမည်ဆိုသည့် အတွေးမျိုးမရှိကြကြောင်း ငှက်ဖျားရောဂါတိုက်ဖျက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင်က ပြောကြားသည်။

ယခုကာလတွင် ခြင်ကိုက်မခံရရန် နွေးနွေးထွေးထွေးနှင့် လုံခြုံသောအဝတ်အစားများကို ဝတ်ဆင်သင့်ကြောင်း အထွေထွေရောဂါကုဆရာဝန်များက အကြံပြုကြသည်။
ခြင်ကိုက်ခံရမှုမှုဖြစ်ပွားလေ့ရှိသော အဆိုပါရောဂါကို ကာကွယ်ရန် နေအိမ်ဝန်းကျင်များတွင် ခြင်ပေါက်ဖွား ခြင်းမရှိရန် ဆောင်ရွက်သင့်သည်။
ခြင်ပေါက်ဖွားမှု မဖြစ်ပွားစေရန် ရေသိုလှောင်များမည့် အိုးများ၊စည်များကို အဖုံးဖြင့် သေချာဖုံးအုပ်ရ မည်ဖြစ်သည်။

ရပ်ကွက်တိုင်း၊ အိမ်တိုင်းမှ မိမိပတ်ဝန်းကျင်တွင် ပိုးလောက်လန်းများမရှိအောင် တစ်ပတ်တစ်ခါ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြုလုပ်ပေးသင့်သည်။
ရေတင်နိုင်သောနေရာများ၊ ဘီယာဘူးများ၊ အိုးခြမ်းပဲ့များတွင် ပေါက်ဖွားနိုင်သည်ကို သိရှိကြသော်လည်း အချို့မှာ ပြုလုပ်ခြင်းမရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများကပြောကြားကြသည်။

ရောဂါမဖြစ်ပွားရန် နေ့ခင်းဘက်အိပ်သည့်အခါ ခြင်ထောင်ဖြင့်အိပ်၍ ခြင်မကိုက်ဆေးများလိမ်းပေးခြင်းနှင့် ခြင်ပေါက်ပွားနိုင်သည့်နေရာများကို ပိုးလောက်လန်းနှိမ်နင်းဆေးများခတ်ပေးသင့်ကြောင့်လည်း ၎င်းတို့ကပြောကြားကြသည်။
ထို့အပြင် ရာသီဥတုအကူးအပြောင်းကာလတွင် ဖြစ်ပွားလေ့ရှိသော ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးကို ဂရုစိုက်ရန်လိုအပ်ပြီးဖြစ်ပွားလာခဲ့ပါကလည်း ဆေးမြီတိုနည်းလမ်းများဖြင့် ကုသခြင်းထက် နီးစပ်ရာကျန်း မာရေးဆေးခန်းများသို့ အမြန်သွားရောက်သင့်သည်။

အေးသီတာဦး

(ဖော်ပြပါအချက်အလက်များသည် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လ မြိုင်မြို့ပေါ်ရှိအထွေထွေရောဂါကုဆရာဝန်များကို တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ ပေးခြင်းဖြစ်သည်။ )

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်