ဆိုင်ကယ် ယာဉ်မောင်း လိုင်စင်များကို လအလိုက် ကွင်ဆင်း လုပ်ဆောင်ပေးမည်

မော်လမြိုင်၊ မေ

မွန်ပြည်နယ်တွင် ဆိုင်ကယ်စီးသူတိုင်း ယာဉ်မောင်း လိုင်စင် ရရှိရေးအတွက် လိုင်စင်ကတ်ပြားများကို လအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန၊ ပြည်နယ် ဦးစီးမှုုး ဒေါ်သိင်္ဂီတိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်မတို့ အထူးစီမံချက်နဲ့ လုပ်တာလည်း ရှိတယ်၊ နောက်ပြီး စီမံချက်မဟုတ်ဘဲ ကွင်းဆင်း ဆောင်ရွက်တာတွေ လုပ်ပေးသွားမယ် ”ဟု ၎င်းက ပြောသည်။

ယာဉ်မောင် လိုင်စင်များအတွက် ကွင်းဆင်း ဆောင်ရွက်ပေးရာ၌ မေလတွင် ချောင်းဆုံမြို့နယ်၊ သြဂုတ်လတွင် မုဒုံမြို့နယ်၊ စက်တင်ဘာလတွင် သံဖြုုဇရပ်မြို့နယ်နှင့် အောက်တိုဘာလတွင် ရေးမြို့နယ်တို့တွင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဒေါ်သိဂီၤတိုးက ပြောဆိုသည်။

ထို့အပြင် ဆိုင်ကယ်ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်ဖြင့် လုပ်ဆောင်သည့် မတ်လမှ ဧပြီလ နှစ်လအတွင်း (က) လိုင်စင် ကတ်ပြား ၄၈၇၀ ကျော် လုပ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဟောပြောပွဲများ၊ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များကို မော်လမြိုင်တက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)တို့တွင်လည်း လုပ်ဆောင်ပေးထားကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ဆိုင်ကယ် မောင်းနှင်းခွင့် (က) လိုင်စင် ၁၂၀ , ၀၀၀ ကျော် လုပ်ဆောင် ပေးထားကြောင်း ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံး မှတ်တမ်းများအရ သိရသည်။

written by ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.