တားမြစ်လုပ်ငန်းခွင်မှအပ ထိုင်းရောက် မြန်မာတရားမဝင် လုပ်သား ဖမ်းဆီးမှုလျှော့နည်းလာ

မြဝတီ ၊ ဇူလိုင်

ထိုင်းနိုင်​ငံအတွင်းဖမ်​းဆီးခံရသည့် အ​ထောက်​အထားမဲ့ မြန်​မာ အလုပ်​သမားများကို မြန်​မာသံရုံးသို့ ပို့​ဆောင်​​ပေးရန်​ ထိုင်းနိုင်ငံဆိုင်​ရာ မြန်​မာသံအမတ်​ကြီး ဦးမျိုးမြင့်သန်​း၏ ပန်​ကြားမှုကြောင်​့ မြန်​မာအလုပ်​သမားများ ဖမ်းဆီးခံရခြင်းမှ​ လျော့နည်​​းလ​ာကြောင်း ထိုင်းဘက်ခြမ်းမှ အလုပ်​သမားကူညီ​စောင့်​ရှောက်​​ရေးဆောင်ရွက်နေသူများထံမှ သိရသည်​။

သို​့သော်​ မြန်​မ​ာ​ရွှေ ့​ပြောင်​း လုပ်​သားများ​လုပ်​ကိုင်​ခွင်​့မရှိ​သော အလုပ်(​၉)မျိုးတွင်​ ဝင်​​ရောက်​လုပ်​ကိုင်​​နေသူများကိုမူ  ထိုင်း မှုခင်းရဲ နှင့် လဝကရဲ များက ဆက်လက်ဖမ်​းဆီး​နေဆဲဖြစ်သည်။ ဇူလိုင်​လ ၉ ရက်​​က ကန်​ချနပူရီရှိ နာနက်​သီးစက်​ရုံတွင်​ ဝင်​​ရောက်​လုပ်​ကိုင်​​နေသည်​့ အ​ထောက်​အထားမဲ့ မြန်​မာလုပ်​သား ၈၀၀ ​ကျော်​  ဖမ်​းဆီးခံခဲ့ရ​ကြောင်​း သိရသည်​။

ရွှေ့ပြောင်​းလုပ်​သားများ လုပ်​ကိုင်​ခွင်​့မ​ရရှိသော လုပ်​ငန်​း(၉)မျိုးမှာ သစ်သားဖြင့်ပြုလုပ်သော ပန်းပွတ်၊ပန်းပုဆိုင်ရာ လက်မှုလုပ်ငန်းများ၊ ယာဉ်မောင်းလုပ်ငန်း၊ စျေးရောင်းလုပ်ငန်း၊ ကျောက်မျက်ရတနာထုဆစ်လုပ်ငန်း၊ ဆံသ ဆံပင်အလှဆင်ခြင်းနှင့် အလှအပလုပ်ငန်း၊ ခရီးသွားလမ်းညွှန်လုပ်ငန်း၊ စျေးဗန်းရွက်ပြီး ကုန်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းနှင့် ထိုင်းရိုးရာအနှိပ်ပညာလုပ်ငန်းစသည်တို့ ဖြစ်​​ကြောင်​းသိရသည်​။

မြန်​မာ အလုပ်​သမား အများ အပြားဝင်​ရောက်​လုက်​ကိုင်​​​နေကြသည့် မဲ​ဆောက်​၊​မဟာ ချိုင်​၊စ​မောပရာကန်​၊ဖူးခတ်​စသည်​့မြို့နယ်​များရှိ ​ရွှေလျားစျေးသည်​များ၊ အထို်င်​​​စျေးသည်​များ၊ ​ရွှေပန်​းထိန်​ လုပ်​သူများ၊ယာဉ်​​မောင်းများနှင်​့အ​ထွေ​ထွေ လုပ်​ငန်းလုပ်​သူများဖမ်​းဆီးခံ​နေရကာ ဇူလိုင်​လ၁ရက်​​နေ့မှ ၁၂ ရက်​​နေ့ထိ ဖမ်​းဆီးခံရသူ သုံးရာခန်​့ ရှိပြီ ဖြစ်​သည်​။

“မိခင်​နိုင်​ငံသား​တွေသာ လုပ်​ခွင်​့ရှိတဲ့ အလုပ်​ကိုးမျိုး မှာဝင်​​ရောက်​ လုပ်​ကိုင်​​နေကြတဲ့ မြန်​မာ နိုင်​ငံ သား​တွေ ကို ဖမ်​းမိရင်​​တော့ ဘတ်​၅၀၀၀ က​နေ ဘတ်​ တစ်​သိန်​းထိ ဒဏ်​ရိုက်​ ​နေတာ ဖြစ်​ပါတယ်​။ နေရပ်​ကို ပြန်​ပို့တဲ့ ပြည်​​တော်​ပြန်​​တွေထဲမှာ​တော့ မပါ​တော့ဘူး​ပေါ့ဗျာ” ဟု မြန်​မာပြည်​သားများ​အရေး ပူးတွဲလှုပ်​ရှားမှု ​ကော်​မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး က​ပြောသည်​။

ထိုင်းလူမျိုးများ၏ ယဉ်ကျေးမှုလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခြင်းများကို ဥပဒေအရ တားမြစ်ထားခြင်း ဖြစ်​ပြီး တားမြစ်ထားသော အခြားအလုပ်အမျိုးအစားများတွင်​လည်း ရွှေ ့​ပြောင်​းလုပ်​သားများအနေဖြင့် ဝင်​​ရောက်​လုပ်​ကိုင်​ခွင်​့မရ​သေး ​ကြောင​်း သိရသည်​။

ထိုင်းနိုင်ငံသည် ဇွန်လကုန် အထိ တရားမဝင်အလုပ်သမား များကို မှတ်ပုံတင်ပြုလုပ်စေပြီး နောက် ဇူလိုင် ၁ ရက်ကစ၍ မှတ် ပုံတင်အထောက်အထားတစ်စုံ တစ်ရာမရှိသော အလုပ်သမား များကို ဖမ်းဆီးနေခြင်းဖြစ်သည်။ မေလအတွင်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားနှစ်သောင်း ကျော်နှင့် မလေးရှားနိုင်ငံသို့ တစ် သောင်းငါးထောင်ကျော် သွား ရောက်လုပ်ကိုင်ခဲ့ကြောင်း ၊ ထိုင်းနှင့်မလေးရှားနှစ်နိုင်ငံတွင် မြန်မာအလုပ် သမားဦးရေ သုံးသန်းခန့်ရှိနိုင် ကြောင်း အလုပ် သမားညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဆုလာဘ်​(မြဝတီ)

Leave a Reply