ထားဝယ်သို့ သွင်းကုန်ဝင်ရောက်မှုပမာဏ တိုးလာ

ထားဝယ်၊ ဇူလိုင်

ထားဝယ်မြို့သို့ ရေလမ်းကြောင်းဖြင့် ကုန်သွယ်မှုမှာ ဧပြီလမှဇူလိုင်လအထိ ၄လအတွင်း ယမန်နှစ်ထက် တန်၂၀၀၀၀ကျော်တိုး၍ ဝင်ရောက်လာကြောင်း မြို့နယ်အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်၊ဧပြီလတွင် သင်္ဘော ၄၂စီးမှ ကုန် တန်ချိန် ၁၂၉၇၅တန်၊ မေလတွင် သင်္ဘော ၄၇စီးမှ ၃၀၃၄၁ တန်၊ ဇွန် လတွင် သင်္ဘော ၂၅စီးမှ ၁၅၄၂၄တန်၊ ဇူလိုင်လ တွင် ၂၅ရက်နေ့အထိ သင်္ဘော၁၃စီးမှ၇၂၇၆တန်စုစုပေါင်း သင်္ဘော၁၂၇စီးဖြင့်ကုန်တန်ချိန်၆၆၀၁၆တန်တင်ဆောင်၍ ထားဝယ်မြို့သို့ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

ယမန်နှစ်က ယင်းကာလအတွင်း သင်္ဘော၉၁ စင်းက ကုန်တန် ချိန် ၄၅၇၈၉တန်တင်ဆောင်လာခဲ့ပြီး ယခုနှစ်တွင် သင်္ဘော၁၂၇စီးမှ ကုန်တန်ချိန် ၆၆၀၁၆တန်တင်ဆောင်လာခဲ့သည်ဟုယင်းရုံး၏မှတ်တမ်းအရ သိရသည်။

“ဆီ(ဒီဇယ်ဆီ/ဓါတ်ဆီ)၊ဘိလပ်မြေ၊ စားသောက်ကုန်တွေ ဝင်လာတယ်”ဟု တနင်္သာင်္ရီတိုင်းဒေသကြီးဆိပ်ကမ်း အာဏာပိုင်ရုံး၊ ဆိပ်ကမ်းအရာရှိ ဦးဝင်းဖေ ကဆိုသည်။

ထားဝယ်မြို့သို့ ကော့သောင်း၊ မြိတ်စသည့်ဒေသဘက်မှ ဓါတ်ဆီ၊ဒီဇယ်ဆီ ၊ဘိလပ်မြေတင်ဆောင်သည့်သင်္ဘောများနှင့် ရန်ကုန်ဘက်မှစားသောက်ကုန်များသယ်ဆောင်လာသည့်သင်္ဘောများဝင်ရောက်လာကြကြောင်း၊အများအားဖြင့် ထားဝယ်မြို့မှ ထွက်ကုန်မရှိ၍ သင်္ဘောများမှာ ပစ္စည်းမတင်ဆောင်ဘဲထွက်သွားရလေ့ ရှိကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။

ရေလမ်းခရီးအပြင် ရန်ကုန်၊မော်လမြိုင်တို့ဖက်မှ ဆန်၊ဆီ နှင့်စားသောက်ကုန်များ မော်တော်ယာဉ်များဖြင့် နေ့စဉ် ဝင်ရောက်လျက်ရှိသည်ဟုလည်း ထားဝယ်ကုန်သည်များကပြောသည်။

ထားဝယ်ဒေသမှထွက်ကုန်အဖြစ် သင်္ဘောများက ဓနိသကြား၊ ပအုန်းရည်တင်ဆောင်၍ တခါတရံ သွားလေ့ရှိပြီး အ ချို့မှာ လမ်းခင်းကျောက်များ လာ ရောက်သယ်ဆောင်သည်ဟု သိရသည်။

Written by တင့်လွင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်