ကြက်တူရွေးများသည် ရှုပ်ထွေးသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချနိုင်ဟုဆို

ကြက်တူရွေးများသည် ရှုပ်ထွေးသော စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ကြောင်း ဂျာမန်သုတေသနပညာရှင်များ လေ့လာချက်အရ သိရသည်။

ဂျာမနီနိုင်ငံရှိ မက်စ်ပလန်ခ် အင်စတီကျုတွင် ပြုလုပ်သော အဆိုပါ စမ်းသပ်ချက်တွင် အစာနှင့် လဲလှယ်နိုင်သည့် တိုကင်စာရွက်များ၏ တန်ဖိုအားနားလည်အောင် ကြက်တူရွေး ၃၃ ကောင်ကို သင်ပေးထားခဲ့သည်ဟု ဆိုသည်။

ထို့နောက် မိမိတို့တွင်ရှိသော တိုကင်များကို တန်ဖိုးနည်းပြီး ချက်ချင်းစားရသော အစာများအတွက် သုံးမလား၊ ဈေးကြီးပြီး တန်ဖိုးရှိသော အစာအတွက် သုံးမလား ရွေးချရသည်။

စိတ်ရှည်စွာစောင့်ဆိုင်းနိုင်သော ကြက်တူရွေးများအနေဖြင့် မိမိတို့၏ တိုကင်များကို သစ်ချသီးနှင့် လဲလှယ်ခွင့်ရမည်ဖြစ်ကာ စိတ်မရှည်သော ကြက်တူရွေးများအနေဖြင့် ပြောင်းဖူးခြောက် သို့မဟုတ် နေကြာစေ့လောက်သာ ရမည်ဖြစ်သည်။

သိပ်မကောင်းသော အစာနှင့် တိုကင်ကို ရွေးချယ်ခိုင်းသည့်အခါ တိုကင်ကို ကောင်းသောအစားအသောက်နှင့် လဲလှယ်လို့ရပါက ကြက်တူရွေးများသည် တိုကင်ကိုသာ ရွေးချယ်ကြကြောင်း တွေ့ရှိခဲ့ရသည်ဟု သိပ္ပံပညာရှင်များက ဆိုသည်။

တောထဲတွင် နေသော ကြက်တူရွေးများကို ထောက်လှမ်းရန် ခက်ခဲသဖြင့် ယခုကဲ့သို့ ပိုမိုအကျိုးရှိမည့် အရာများအတွက် ဆုံးဖြတ်ချက်များ ချမှတ်တတ်ခြင်းမှာ ကြက်တူရွေးများ၏ သဘာဝဟုတ်မဟုတ် သိရှိရန် ခက်ခဲကြောင်း သုတေသနအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ သြဂတ်စတီဗွန်ဗေယန်းက ပြောသည်။

“ကျွန်မတို့ရဲ့ စမ်းသပ်ချက်ထဲမှာ သူတို့ဟာ ကိုယ့်ရဲ့ ကြိုပမ်းမှုကို လျှော့ပြီး အကျိုးများများထွက်အောင် လုပ်တတ်ကြတာကို တွေ့ရှိခဲ့ရတယ်။ ဒီလို ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်မှာ အရေးပါမှာဆိုတာကို သိရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

ယခုစမ်းသပ်ချက်ကို ချင်ပန်ဇီများကိုလည်း စမ်းသပ်ခဲ့ဖူးပြီး စမ်းသပ်ချက်ကို စမ်းသပ်ရာတွင် ကြက်တူရွေးများ ချင်ပန်ဇီများကို စမ်းသပ်စဉ်ကကဲ့သို့ပင် ရလဒ်ထွက်အောင် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Source: Sky News

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.