မရလို့ပါခင်ဗျာ

ကြက်ဆူတောရွာသားအများစုတို့တွင် လက်သုံးစကားတစ်ခုရှိ၏။ ထိုစကားသည်ကား
“မရလို့ပါခင်ဗျာ ရရင်လုပ်ပေးပါတယ် ” ဟူ၏။ ထိုစကားတွင်ကျယ်လိုက်ပုံများ၊
ဈေးအရောင်းအဝယ်တွင်ဖြစ်စေ။ ဌာန ဆိုင်ရာ လုပ်ငန်းတို့နှင့်ပတ်သက်၍ဖြစ်စေ
တစ်နည်းနည်းအကျုံးဝင်နေတတ်သော စကားပင်ဖြစ်သတည်း။

ထိုစကားနှင့်နွှယ်၍ ခုတစ်လော စိနတိုင်းသားများနှင့်
အမေရိကန်တိုင်းသားများကြား ကုန်သွယ်မှုကို အကြောင်းပြု၍
ငွေကြေးစစ်ပွဲဖြစ်ပွား၏။ ကမ္ဘာဟုခေါ်သော ဤရွာကြီးထဲတွင်
စိနတိုင်းသားတို့လက်ခံသုံးစွဲ သောငွေကြေးကား ယွမ်ဟူ၏။
အမေရိကန်တိုင်းသားများကြားသာမကဘဲ ကမ္ဘာဟုခေါ်သော ဤရွာကြီးထဲ တွင်
အားလုံးစံပြုသုံးစွဲကြသော ငွေကြေးကား ဒေါ်လာ ဟူသတည်း။ ထိုဒေါ်လာကိုပင်
တည်မှီ၍ ငွေကြေးပ မာဏ သတ်မှတ်ကြ၏။

ရွာတစ်ရွာနှင့်တစ်ရွာ
ကုန်သွယ်လဲလှယ်ခြင်းအတွက် ထိုဒေါ်လာကိုပင်အမှီပြု၍ ငွေ ကြေးပမာဏ သတ်မှတ်၍
လဲလှယ်ရောင်းဝယ်တတ်ကြ၏။ ကုန်ပစ္စည်းအများစုတို့မှာ ထိုဒေါ်လာဟူသော
ငွေကြေးစနစ်၏ တက်ခြင်းကျခြင်းပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲကြကုန်၏။

စိနတိုင်းသားနှင့် အမေရိကန်တိုင်းသားတို့ကြား ကုန်သွယ်စစ်မှ
ငွေကြေးစစ်အသွင်သို့ပြောင်းလဲ သွားသည့်အခါ ရွာကလေးသားများ ပျာယာခတ်ကုန်၏။
ထိုအထဲတွင်မှ ကြက်ဆူတောကဲ့သို့သော မဖွံ့ဖြိုး သေးသည့်
ရွာငယ်အများစုကားပို၍ ခံရခက်၏။ ဆေးလိပ်မီးပွား လုံချည်ထဲကျသလိုကို
ပျာယာခတ်ကုန်၏။

ထိုအထဲတွင်မှ ရွာ၏အာဏာကို သားစဉ်မြေးဆက်လိုချင်နေကြသော
မဟာဖန်တီးရှင်များကား မ မျှော်လင့်သော အပြောင်းအလဲများကြောင့် ၂၀၁၅
သူကြီးရွေးချယ်ပွဲတွင် ပက်ပက်စက်စက်ဟု ဆိုရလောက် အောင်
ရှုံးနိမ့်သွားသည့်အခါ ရွှေဥကြမ်းညပ်သလို စပ်ဖျဉ်းဖျဉ်းဖြစ်ကုန်ရုံသာမက၊
ခုတော့ ရွှေဘ ခဏအရှုံး ပေးထားတယ်၊ တစ်နေ့ပြန်လာခဲ့မယ်စိတ်ထားမျိုးနှင့်
အံတကြိတ်ကြိတ် အခြေအနေတစောင့်စောင့် နှင့် နေသေးသပခြုံထဲက
ဇာတ်လမ်းကိုကပြရင်း အလှည့်သင့်ချက်ပိုင်မည့်အရေးကို
အတွေးနှင့်စောင့်နေချေ၏။

ယခုကဲ့သို့ ရွာကြီးထဲတွင် အင်အားကြီးရွာများ၏ ငွေကြေးစစ်ပွဲ
ဂယက်ရိုက်လိုက်သောအခါ ရောင် တော်ပြန်နှင့် ရော၍လွှတ်ကာ လက်ရှိအစိုးရအား
အဆင်းဘီးတပ်ပေးချေတော့၏။

ယနေ့ ကြက်ဆူတောရွာ အနောက်ပိုင်းဈေးအနီးတွင်ရှိသည့် ကျောင်းဆရာ၏
မန်ကျည်းပင်တီးဟောက်တွင် ကြက်ဆူတော ပဏ္ဍိတများဆုံကြသခိုက်
ထိုငွေကြေးစစ်ပွဲအကြောင်းကို အင်ပြည့်အားပြည့် အားတက်သရောဆွေးနွေးကြချေ၏။
အမှန်စင်စစ် ထိုသူများကား ရွာကြီးတစ်ရွာလုံးစံပြု သုံးစွဲနေကြသည့်
ဒေါ်လာကိုကိုင်ဖူးဖို့ဝေးစွ။ မြင်မှပင် မမြင်ဘူးကြချေ။ သို့သော်လည်း
ရွာအတွင်းခံစားနေရသော ကုန်ဈေး နှုန်း၏ အတက်ပြနေသည့်အခြေများကို
မမြင်ရက် မရှုရက်သူများဖြစ်သည့်အားလျော်စွာ ကြက်ဆူတော သားများအတွက်
စေတနာပြဋ္ဌာန်းဆွေးနွေးနေကြခြင်းဖြစ်ပေတော့သည်။

ရှေးဦးစွာ ကြက်ဆူတောသား ကုန်သည်ကြီး ရိုက်စားခေါ် မင်းသက်ခိုင်ကဆွေးနွေးလေ၏။

” ခက်သကွာ ပေါက်ဖော်ကြီးနဲ့ ထရမ့်ကြီး အင်အားပြိုင်တာ
မဆီမဆိုင်တို့ကြက်ဆူတောက ဘာလို့ ကုန်ဈေးနှုန်းတွေ တက်လာရတာလဲတဲ့ကွာ
သူတို့ တက်တာအကြောင်းမဟုတ်ပေမယ့် ငါကလည်း ငါ့တွက် အရှုံးမပေါ်အောင်
ဈေးတင်ရောင်းရတော့ပြဿနာတက်ရောပေါ့ ”

” ဘယ်လိုပြဿနာလဲ ရိုက်စားကြီးရဲ့ နည်းနည်းပါးပါးလင်းစမ်းပါဦး
မင်းတို့ဈေးဆိုင်ကို ပစ္စည်း သွားဝယ်တိုင်း ဈေးတက်တယ်၊
ဈေးတက်တယ်ဆိုတာကြောင့် ငါ့မိန်းမက ငါ့ကို ဖြတ်လေးဖြတ်လုပ်နေပကွ”

ရိုက်စားကြီး၏ စကားအဆုံးတွင် ကဗျာဆရာမင်းဆက်မွန်က
ခပ်ညည်းညည်းကလေးပြောသည်တွင် ရိုက် စားကြီးက ဤသို့ပြန်၍ရှင်းပြလေတော့၏။

” ဘာဖြစ်ရမလဲ ကဗျာဆရာရဲ့ ငါကုန်ပစ္စည်းတွေကို တစ်ခါဝယ်တိုင်းဈေးက
တစ်ခါတက်မို့ ဈေးတင် ရောင်းဖို့ ငါ့မိန်းမကိုပြောရသကွ၊
ငါ့မိန်းမကလည်းသိတဲ့အတိုင်းပဲ သဘောကောင်းလွန်းတော့ ခြိမ်းခြောက်ပြီး
ဈေးတင်ရောင်းခိုင်းရတာပေါ့ ၊နင် ကုန်ပစ္စည်းတွေကို ဒီဈေးနဲ့မရောင်းရင်
နင့်ကို ကုန်စည်ဒိုင်တွေလက်ထဲ ငါ အပ်လိုက်ရမှာလို့ပြောထားတော့
သူကငါ့ကိုစိတ်ဆိုးဆိုးနဲ့ မျက်နှာထားတင်းတင်းနဲ့ နေ့ပိုင်းဈေးရောင်းနေ
တာ အကျင့်ပါသွားတော့ ညနေပိုင်းငါအိမ်ကိုပြန်တဲ့အခါ အရင်ကချောချောလှလှ
ငါ့မိန်းမမှဟုတ်ရဲ့လားလို့ သံသယဖြစ်ရတာ နေ့တိုင်းပါပဲကွာ ”

ထိုအခါ ရိုက်စားကြီး၏စကားကို တစ်ယောက်တစ်ပေါက်ထောက်ခံဆွေးနွေးကြလေ၏။
ထိုအချိန်တွင် ဝါးထားသည့် ကွမ်းသွေးကို ပြစ်ကနဲထွေးရင်း စကားဝိုင်းထဲ
ဝင်လာသူကား လှည့်စားအမည်ခံ ဗညားကွမ်း စား ညီညီလွင်ဖြစ်၏။

” ရိုက်စားပြောတာအမှန်ပဲ အရင်တုန်းက ငါကားမောင်းနေတာ အဆင်ပြေသားပဲ
ခုတော့ ဆီဈေး က တက်လိုက်တာမှ သိကြားမင်း ပလ္လင်နားထိရောက်နေပြီ
ငါ့ကားခကို အများမတက်တော့ မတက်ရဲသေး ဘူး ၊ဒီတော့ တစ်နေကုန်
ကားအငှားလိုက်ရပေမယ့် ပိုက်ဆံက ထင်သလောက်မိန်းမကိုမအပ်နိုင်ဘူး၊ အရင်
တုန်းက ပိုက်ဆံများများအပ်နိုင်တော့ မိန်းမနဲ့ ပြဿနာမရှိပေမယ့်
ခုဆီဈေးတက် ပိုက်ဆံအရင်လိုမအပ်နိုင် တော့ မိန်းမက ကျောင်းဆရာမပီပီ
ငါ့ကိုထိုင်ထလုပ်ခိုင်း၊ ဗိုက်ခေါက်ဆွဲလိမ်နဲ့ကွာ ဒူးချောင်တဲ့ရက်တွေနဲ့
ဗိုက်ခေါက်အလိမ်ခံရလွန်းလို့ ဗိုက်လည်းကျွဲပုခုံးထနေပြီ
ဒီမှာကြည့်ကြပေတော့”

လှည့်စား၏ဗိုက်တွင် အညိုအမည်းစွဲပြီး ကျွဲပုခုံးထနေသည်များကိုကြည့်ကာ
ကြက်ဆူတောသား တစ်သိုက် ဟားတိုက်၍ ရယ်မောကြလေတော့၏။

ထိုအချိန်တွင် စကားဝိုင်းတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသူကား
လူမှုရေးဆလိုင်းဂျစ်သိုးဖြစ်သတည်း။

” အေးဗျာ တက်ဆိုဆေးဝါးတွေကိုလည်း တခြားရွာတွေက ဒေါ်လာနဲ့ဝယ်ရတော့
ဆေးဝါးတွေက ဈေးတက် ကျုပ် ခုတစ်လော တုပ်ကွေးဖြစ်နေသကွ၊ ဆေးခန်းပြဖို့နဲ့
ဆေးဝယ်သောက်ဖို့ ဆေးတွေဈေး တက်နေတာမို့ ကျုပ်မှာ
ဗိန္ဓောဦးတုတ်ကြီးဆီက တုပ်ကွေးပျောက်စေနိုင်တဲ့ ဗိန္ဓောဆေးနည်းသွားတောင်း
တာ ကြပ်ခိုးရယ်၊ ကွမ်းရွက်ရယ်၊ သနပ်ခါးနှစ်ရယ်၊ နနွင်းစိမ်းရယ်၊
ဥသျှစ်ခွံရယ်ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ခိုင်းတာမို့
ပါဝင်တဲ့ပစ္စည်းတွေ ရွာပတ်ပြီးရှာလိုက်ရတာနဲ့တင် ရောဂါတစ်ဝက် သက်သာသွားသ
လို ဆေးကျက်တော့လည်း ကြောက်ကြောက်လန့်လန့်နဲ့
သံဗုဒ္ဓေရွတ်ပြီးသောက်လိုက်တာ ခုလို လန်းလန်း ဆန်းဆန်းဖြစ်သွားတော့
ဆရာဦးတုတ်ကြီးကိုပဲ ကျေးဇူးတင်ရမလား၊ သံဗုဒ္ဓေဂါထာကိုပဲ ကျေးဇူးတင်ရလေ
မလား မသိရပေါင်ဗျာ ”

ဆလိုင်းဂျစ်သိုးစကားကြောင့် ငွေကြေးစစ်ပွဲ၏ ဘေးထွက်ဆိုးကျိုးများကို
ကောင်းစွာခံစားနေရ သည့် ကြက်ဆူတောသားများ၏ အာဝေဏိကများကို ခေတ္တမေ့ကာ
ဗိန္ဓောမာစတာ တုတ်ကြီးကိုပဲ မယုံသ လိုလုပ်နေသည့် လူမှုရေး၏အဖြစ်အပျက်ကို
ဝိုင်း၍ရယ်မောကြလေတော့၏။

ထိုအချိန်တွင်စကားဝိုင်းသို့ဝင်လာသူကား ကြက်ဆူတော၏ လူ့ဂွစာ ဆရာချွန်ဖြစ်လေ၏။

” အစောပိုင်းက သူကြီးတို့အဖွဲ့က ဒေါ်လာကြောင့် ကုန်ဈေးနှုန်းတက်တာ
ဒေါ်လာဈေးတွေတက် နေတာကို အသာလေးမသိမသာ စောင့်ကြည့်နေသဗျ၊
ဘာမှမသိသလိုလေးပေါ့ ပိုင်လောက်မှ ခေတ်ကလေးတွေပြောတဲ့
ဘန်းစကားနဲ့ငှားပြောရရင် စခွက်ဖြတ်ရိုက်သလို ဒေါ်လာဈေးကစားနေတဲ့ လက်ကြီးသ
မား မောင်မင်းကြီးသားတွေကို ကုတ်လည်းနှိပ်လိုက်ရော ဒေါ်လာဈေးနဲ့
ရွှေဈေးတက်နေတာ ပြန်ကျလာရော၊ ကျေနပ်လောက်စရာဈေးကို မရောက်သေးပေမယ့်
တဖြည်းဖြည်းကျလာမှာ အသေချာပါပဲ နောက်ပြီးစက်သုံး ဆီကိုလည်း
တက်ဈေးနဲ့ဝယ်ထားတာမို့ ဈေးချပြီးမရောင်းနိုင်ပါဘူး မကိုက်လို့ပါဆိုတဲ့
မောင်မင်းကြီးသား တွေအတွက်လည်း အခုကြက်ဆူတောလွှတ်တော် ထဲမှာ
အဆိုတင်ဆွေးနွေးနေကြသဗျ၊ မကိုက်ရင် ပြည် တွင်းပြည်ပက
စက်သုံးဆီလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတာမို့ သူတို့ကို ထိပ်ပုတ်လိုက်
တာနဲ့အတူတူပါ ပဲ အုပ်ချုပ်ရေးအာဏာကိုပြန်လိုချင်လို့ နည်းမျိုးစုံနဲ့
ခလောက်ဆန်နေတဲ့ပုဂ္ဂိုလ်တွေခမျာတော့ အိပ်မက်ဆိုး တွေ မက်နေလောက်ပေါ့
ထပ်ပြောချင်တာတစ်ခုကတော့ YBS ဘတ်စ်ကားတွေကိစ္စပဲ လွှတ်တော်ထဲမှာ မတင်ပြဘဲ
ကိုယ့်သဘောနဲ့ကိုယ် ဘဏ်ချေးငွေရယူပြီး ဘယ်သူ့မှမတိုင်ပင်ခဲ့တဲ့ သူကြီးအ
ချုပ်တစ်ယောက် ကို ငွေကြေးကိစ္စကို မရှင်းနိုင်ရင် ကိုယ်ပိုင်ငွေနဲ့
စိုက်လျော်စေဖို့ အသံတွေထွက်နေတာ နိုင်ငံရေးကွက်ပုန်း ကစားနေတာလို့
ကျုပ်တော့ဖြင့်မြင်မိသဗျ၊ အရင်သူကြီးများလက်ထက်တုန်းက ရွေးကောက် ပွဲကာလမ
တိုင်ခင်ကလေးမှာ လွှတ်တော်ထဲမှာ ပေါက်ဖော်ကုန်းဘဏ်က ချေးငွေကိုယူပြီး
ပြည်တွင်းကစီး ပွားရေးလုပ် ငန်းအဖွဲ့တစ်ခုအမည်နဲ့ ချေးပေးမယ်လို့
အဆိုတင်တဲ့အခါ အကျိုးမများနိုင်ပါဘူး အရှုှုံးပေါ်နိုင်ပါ တယ်ဆိုတာ ကို
ကန့်ကွက်နေတဲ့ကြားက အတင်းပဲ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုချေးငွေယူ
လုပ် ငန်းလည် ပတ်ကြလုပ်သလို ကင်ချီနဲ့ ခွေးသားကြိုက်တဲ့ရွာက
ချင်း(ဂျင်း)ထည့်လိုက်တဲ့ ခပ်ညံံ့ညံ့ထွန်စက်တွေကို ဘဏ်ချေးငွေ နဲ့ ဝယ်ယူကြ ခုတော့
အင်စတော်မန်နဲ့ရောင်းတာတောင် ထင်သလောက်အလုပ်ဖြစ်မလာလို့ အရှုံးပေါ်နေ
တဲ့ကိစ္စတွေအတွက်ပါ အရိုက်ခံရတော့မယ့် အခင်းအကျင်းလို့ပဲ
ကျုပ်တော့ဖြင့်မြင်မိသဗျ၊ ပြီး တော့ ရိုးရာနတ်ကိုးကွယ်သလို
အမြစ်တွယ်နေခဲ့တဲ့ မရလို့ပါခင်ဗျာ ဆိုတဲ့ကိစ္စတွေကို ဖော်ဆောင်နေကြသူ တွေ
အတွက်လည်း အိပ်မက်ဆိုးတွေ မကြာခင်အောက်ခြေထိလာတော့မယ်ဆိုတာကို
သတင်းစကားပါးလိုက်ချင်ပါရဲ့ ကိုယ့်လူများတို့ရယ်”

ပြောပြောဆိုဆိုဖြင့် လူ့ခွစာ ဆရာချွန်တစ်ယောက်
ရေနွေးကြမ်းတစ်ခွက်ကောက်ယူမော့သောက် ရင်း သူ့စကားကို
အဆုံးသတ်လိုက်ချေတော့သည်။

Written By ; ဆရာချွန်

Leave a Reply