လီဗာပူးလ်အတွက် သွင်းဂိုး ၅၀ အပြည့်မှာ ချောကလက် လက်ဆောင်ရခဲ့တဲ့ ဆာလက်

အောက်တိုဘာ ၂၅

နာမည်ကျော်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ လီဗာပူးလ်အသင်းအတွက် သူ့ရဲ့သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့ပွဲမှာ အမျိုးသမီးပရိသတ်တစ်ဦးဆီက ချောကလက်လက်ဆောင်ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ဆာလက်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ သွင်းဂိုး ၂ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်း အတွက် သူ့ရဲ့သွင်းဂိုးဟာ ၅၀ ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူးဆာလက်ဟာ ပွဲချိန် ၄၅ မိနစ်နဲ့ ၅၁ မိနစ်(ပင်နယ်တီ)မှာ လီဗာပူးလ် အသင်းအတွက် သွင်းဂိုး ၂ဂိုးသွင်းယူနိုင်ခဲ့ကာ ၇၃မိနစ်မှာ စတားရစ်ချ်နဲ့ လူစားလဲခံရပြီးနောက် ဆာလက်က ရှေ့ဆုံးတန်းမှာ လာရောက်အားပေးတဲ့ မွတ်စလင်အမျိုးသမီးတစ်ယောက်ထံ သွားရောက်ပြီး သူ့ရဲ့ဂျာစီအင်္ကျီကို အမှတ်တရပေးခဲ့ပါတယ်။

ဆာလက်ဂျာစီကိုရရှိသွားတဲ့ မွတ်စလင်အမျိုးသမီးပရိသတ်ကတော့ ဆာလက်ရဲ့သွင်းဂိုး ၅၀ ပြည့် အတွက် မေတ္တာလက်ဆောင်အဖြစ် ဆာလက်ကို ပေါင် ၄၂ ပေါင်တန် တန်ဖိုးကြီးချောကလက်ဘူးကို တစ်ဖန်ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဆိုပါတယ်။

အသက်၂၆နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ သွင်းဂိုး ၅၀ပြည့်ဖို့အတွက် မိနစ်ပေါင်း ၅၁၁၆ မိနစ်သာ အချိန်ယူခဲ့ရပြီး လီဗာပူးလ်အသင်းရဲ့ဘောလုံးသမိုင်းတစ်လျှောက် မိုက်ကယ်အိုဝင်၊ ရော်ဘီဖောင်လာ၊ ဆွာရက်ဇ် အစရှိတဲ့ နာမည်ကြီးတိုက်စစ်မှူးတွေရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဟင်္သာ

Ref: Daily mail

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်