မိုဗစ်ရဲ့ဂျာစီများ မေဂျာလိဂ်မှာ ရောင်းအားသွက်

အောက်တိုဘာ ၂၃

မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းမှာ ခြေစွမ်းပြနေတဲ့ ဆွီဒင်တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ရဲ့ဂျာစီဟာ အမေရိကန်မေဂျာလိဂ်ရဲ့အရောင်းရဆုံးဂျာစီအဖြစ် ထိပ်ဆုံးကရပ်တည်ခဲ့ကြောင်း သတင်းများကတစ်ဆင့် သိရှိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူး မိုဗစ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ အယ်လ်အေဂလက်စီ အသင်း အတွက် ၂၆ ပွဲပါဝင်ကစားပေးထားပြီး ၂၂ဂိုးသွင်းယူထားခဲ့နိုင်ခဲ့ကြောင့် အသင်းဟောင်း မန်ယူအပါအဝင် ဥရောပထိပ်သီးကလပ်တွေရဲ့တစ်ကျော့ပြန်စိတ်ဝင်စားမှုကို ခံနေရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက မိုဗစ်ဟာ ကစားသမားသက်တမ်းတစ်လျှောက် သွင်းဂိုး ၅၀၀ ပြည့်ဂိုးကို သွင်းယူ ထားနိုင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း အယ်လ်အေဂလက်စီအသင်းမှာ တရစပ်ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အသင်း ဟောင်း မန်ယူကိုပြန်လာဖို့ သတင်းထွက်ပေါ်နေမှုအပေါ်မှာတော့ မိုဗစ်က သူ့အသက်အရွယ်နဲ့ ပရီးမီးယား လိဂ်မှာ ကစားဖို့မဖြစ်နိုင်တော့ကြောင်း ညင်သာစွာ ငြင်းဆန်သွားခဲ့ပါတယ်။

မေဂျာလိဂ်အရောင်းရဆုံး မိုဗစ်ရဲ့ဂျာစီနောက်မှာတော့ အယ်လ်အေအက်ဖ်စီအသင်းမှာကစားနေတဲ့ အာဆင် နယ်ကစားသမားဟောင်း ကားလို့စ်ဗီလာရဲ့ဂျာစီက ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး တတိယနေရာမှာတော့ အတ္တလန်တာတိုက်စစ်မှူး ဂျိုးဆက်ဖ် မာတီနက်ဇ်ရဲ့ဂျာစီက ရပ်တည်နေခဲ့ပါတယ်။

ဒီစီယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေတဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီရဲ့ဂျာစီကတော့ မေဂျာလိဂ်ရဲ့ စတုတ္ထမြောက်ရောင်းအားအကောင်းဆုံးဂျာစီနေရာမှာ ရှိနေခဲ့ပြီး လက်ရှိအာဆင်နယ်အသင်းရဲ့ ပစ်မှတ်ထား စောင့်ကြည့်ခြင်းကိုခံနေတဲ့ အတ္တလန်တာတိုက်စစ်မှူး မီဂွဲယ်အယ်မီလွန်ရဲ့ဂျာစီက ပဉ္စမရောင်းအား အကောင်း ဆုံးဂျာစီနေရာမှာ ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။

BK
Ref:The Sun

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်