အမှတ်တရ မြောက်များစွာနဲ့ နှစ်သစ်ကူးကာလ

မကြာခင်အချိန်အတွင်းမှာ နှစ်သစ်တစ်ခုဆီ ကူးပြောင်းတော့မှာ ဖြစ်တဲ့အတွက် နှစ်သစ်နဲ့ သက်ဆိုင်တဲ့ ထူးထူးခြားခြား အကြောင်းအရာတွေ၊ အမှတ်တရတွေကို ပြောပြပေးချင်ပါတယ်။ ကမ္ဘာအနှံ့က ထူးဆန်းတဲ့ နှစ်သစ်ကူးပွဲတော် ဆင်နွှဲပုံတွေကို သိရအောင် ဖတ်ကြည့်ကြပါဦး။

    •  New York Time Square မှာ New Year ပွဲတော်ဆင်နွှဲကြသူတွေထဲမှာ တချို့တွေက Diaper တွေ ဝတ်ထားကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်မှာ အိမ်သာသွားဖို့ မဖြစ်နိုင်ကြလို့ပါတဲ့။
    • အီသီယိုးပီးယားမှာ လပေါင်း ၁၃ လ ရှိပါတယ်တဲ့။ သူတို့ရဲ့ အခုလက်ရှိနှစ်က ၂၀၀၇ ခုနှစ်ပဲ ရှိသေးတာ ဖြစ်ပြီးတော့ သူတို့အတွက် နောက်ထပ်နှစ်သစ်က စက်တင်ဘာလ ၁၁ ရက်မှ ရောက်လာမှာပါ။
    • အာကာသယာဉ်တွေက New Year အကြိုနေ့နဲ့ New Year နေ့တို့မှာ ဘယ်တော့မှ မပျံသန်းကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကွန်ပျူတာတွေက အဲ့ဒီနေ့တွေမှာ ထိန်းချုပ်လို့ မရနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
    • New Year အကြိုညမှာ အသောက်လွန်တာကြောင့် ကားမမောင်းနိုင်တဲ့အခါ သင့်ရဲ့ကားကို အိမ်အထိရောက်အောင် American Automobile Association AAA motor clubs က ဆွဲခေါ်ပေးသွားပါလိမ့်မယ်။ သင်က member တစ်ယောက် မဟုတ်ရင်တောင် သူတို့က လက်ဆောင်အနေနဲ့ အခကြေးငွေ မယူဘဲ ကူညီပေးမှာပါ။ ဒါပေမယ့် ပြည်နယ်တိုင်းမှာတော့ မဟုတ်ပါဘူး။
    • Beethoven ရဲ့ တေးသွားနံပါတ် ၉ ကို ပထမ ကမ္ဘာစစ်မှာ ဂျာမန်အကျဉ်းသားတွေက ဂျပန်တွေကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီသီချင်းက အခုအချိန်မှာတော့ နှစ်သစ်ကူးတိုင်းမှာ ပါဝင်တဲ့ နိုင်ငံရိုးရာ သီချင်းတစ်ပုဒ်ဖြစ်လာပါပြီ။
    • ကိုရီးယားနဲ့ တခြားအာရှနိုင်ငံတွေမှာ နှစ်သစ်ကူးနေ့မှာ မွေးဖွားသူတိုင်းကို အသက် ၁နှစ်ပိုပြီး ကြီးတယ်လို့ သတ်မှတ်ကြပါတယ်။ တကယ်လို့များ သင်က ဒီဇင်ဘာ ၂၉ မှာ မွေးခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် နှစ်သစ်ကူးနေ့မှာ မွေးဖွားမယ်ဆိုရင် သင့်ကို အသက် ၂ နှစ်ရှိပြီလို့ သတ်မှတ်လိုက်ကြမှာ ဖြစ်ပါတယ်။
    • ၂၀၁၀ ခုနှစ်မှာ “Black widow” လို့ ခေါ်တဲ့ အသေခံဗုံးခွဲသူဟာ မော်စကိုရဲ့ နှစ်သစ်အကြိုညမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမက ဒီလိုဖောက်ခွဲမှုမလုပ်ခင် နာရီပိုင်းလေးအတွင်းမှာပဲ သူမရဲ့ mobile ဖုန်း operator ကနေ နှစ်သစ်ဆုတောင်းစာတိုလေးရောက်လာခဲ့တဲ့အခါ သူမကိုယ်တိုင်ပဲ သေဆုံးသွားခဲ့ရပါတယ်။ ဒါပေမယ့် တခြားတစုံတစ်ယောက်ကို ထိခိုက်မှု မရှိခဲ့ပါဘူး။
    • ၁၉၇၆ ရဲ့ နှစ်သစ်ကူးနေ့မှာ Danny Finegood လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်က နောက်ပြောင်ချင်တာကြောင့် “Hollywood” ကို “Hollyweed” လို့ ပြောင်းခဲ့ပါတယ်။
    • Hawaiian ရှေးဟောင်းထုံးစံအရ နှစ်သစ်ကူးပွဲတော်ကို ၄ လလောက်ကြာအောင် ကျင်းပကြပါတယ်။ စစ်ပွဲတွေကိုလည်းတားမြစ်ထားတယ်၊ လူတွေကလည်း အလုပ်တွေကို ရပ်နားထားပြီးတော့ ကခုန်ခြင်းတွေ၊ စားပွဲသောက်ပွဲကြီးတွေကျင်းပပြီး ပျော်ရွှင်စရာအချိန်တွေကို ကုန်ဆုံးကြပါတယ်။
    • တောင်ဝင်ရိုးစွန်းက နှစ်သစ်ကူးအကြို ဂီတပွဲတော်တွေကို “icestock” လို့ ခေါ်ကြပါတယ်။
    • ထိုင်းနိုင်ငံမှာ သူတို့ရဲ့ ရိုးရာ New Year ပွဲတော်ကို ရေဆော့ကစားရင်း ကျင်းပကြပါတယ်။
    • ၁၇၅၃ မတိုင်မီက ဗြိတိန်မှာ နှစ်သစ်ပွဲတော်ကို March 25 မှာ ပဲကျင်းပကြပါတယ်။ တခြားနိုင်ငံတွေလိုပဲ ၁၇၅၃ မှာ နှစ်သစ်စတင်ဖို့အတွက် ၁၇၅၂ ခုနှစ်ကတော့ ၉လပဲ ကြာမြင့်ခဲ့ပြီး ကျန်တဲ့လတွေကို ကျော်ခဲ့လိုက်ပါတယ်။
    • ရုရှားတွေက နှစ်သစ်ပွဲတော်ကို ၂ကြိမ်ကျင်းပကြပါတယ်။ January 1 ရက်မှာတစ်ကြိမ်၊ January 14 ရက်မှာ တစ်ကြိမ် ကျင်းပကြတာပါ။
    • ဂျပန်နိုင်ငံ Akita မှာ အမျိုးသားတွေက နတ်ဆိုးတွေလိုဝတ်ဆင်ပြီး၊ အရက်တွေသောက်ပြီးတော့ ပျင်းတဲ့ကလေးတွေ၊ မိဘစကားနားမထောင်တဲ့ ကလေးတွေကို ကြောက်ရွံ့အောင် လုပ်လေ့ရှိကြပါတယ်။
    • ဒီဇင်ဘာ ၂၅ ရက်နေ့တိုင်းမှာ ပီရူးနိုင်ငံမှာ Takanakuy ပွဲကို ဆင်နွှဲ ကျင်းပကြပါတယ်။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေက မကျေနပ်သမျှကို လက်သီးထိုးပြီး ဖြေရှင်းကြပါတယ်။ ပြီးတော့လည်း အားလုံးအတူတူ သောက်ကြပြီး၊ နှစ်သစ်မှာ ဘဝသစ်ပြန်စကြပါတယ်။
    • တကယ်တမ်းက ပြက္ခဒိန် ၁၄ခုပဲ ပုံသေရှိပါတယ်။ ၂၀၁၄ မှာဆိုရင် 2003,1997,1986,1975,1969,1958,1947,1941, 1930, 1919 က ပြက္ခဒိန်တွေကို ပြန်သုံးလို့ ရပါတယ်။
    • ပြင်သစ်တော်လှန်ရေးပြီးတဲ့အခါ ပြင်သစ်တွေက ၁ပတ်ကို ဆယ်ရက်၊ ၁၀နာရီကို ၁ရက်၊ တစ်နာရီကို မိနစ် ၁၀၀၊ စက္ကန့် ၁၀၀ ကို ၁မိနစ် စတဲ့ ဆယ်လီစိတ်စနစ်ကို အခြေခံပြီး ပြက္ခဒိန်အသစ် ကို ခဏလောက် သုံးခဲ့ကြပါတယ်။
    • မြောက်ကိုရီးယားနိုင်ငံက ပုံမှန် Gregorian calendar ကို မသုံးကြပါဘူး။ သူတို့က မြောက်ကိုရီးယားနိုင်ငံကိုတည်ထောင်သူ Kim IlSung ရဲ့ မွေးနေ့ကစလို့ Juche calendar လို့ခေါ်တဲ့ ပုံစံမတူတဲ့ ပြက္ခဒိန်ကိုပဲ သုံးကြပါတယ်။
    • Hognanay ဆိုတာကတော့ စကော့တလန်မှာ ကျင်းပတဲ့ နှစ်သစ်အကြိုပွဲကို ခေါ်ကြတာပါ။ အိမ်နီးချင်းတွေရဲ့ အိမ်ကို နှစ်သစ်မှာ အဝင်ဝကို ပထမဆုံး ဝင်ရောက်လေ့ရှိကြတဲ့ ဓလေ့လဲရှိကြပါတယ်။
    • Longplayer လို့ခေါ်တဲ့ နှစ် ၁၀၀၀ ရှည်တဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒီသီချင်းက January 1ရက် 2000 ခုနှစ်မှာ စတင်ပြီး Dec 31, 2999 မတိုင်ခင်အထိ ဆက်ရှိနေဦးမှာပါ။
    • ကမ္ဘာပေါ်မှာ အကြီးဆုံး မီးရှူးမီးပန်းပွဲတော်ကို Iceland ရဲ့ မြို့တော် The Reykjavik မှာ ကျင်းပပါတယ်။

Written by Audrey Chann

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်