သုံးဘာသာဂုဏ်ထူးရှင်ပြောတဲ့ မူးယစ်ဆေးဝါးပုံပြင်

သူငယ်ချင်း တစ်ဦးဖုန်းဆက် လာပြီး သုံးဘာသာ ဂုဏ်ထူးရှင် မောင်ရဲဇော်နိုင် တစ်ယောက် အိမ်မှထွက် သွားသည်။ မနက်မိုးလင်း ထိ ပြန်မလာ၍ ဖခင် ဖြစ်သူ ဦးမောင်မောင်အေး မှာ မောင်ရဲဇော်နိုင် သွားလာတတ်ရာမော်လမြိုင် မြို့နယ်အတွင်း လိုက်လံ ရှာဖွေ နေခဲ့ သည်။
တစ်မနက်  လုံးလိုက်ရှာပြီးမောင်ရဲဇော်နိုင်ကို ပြန်တွေ့ချိန်တွင်  မြိုင်သာယာ ရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထား ရကြောင်း ဦးမောင်မောင်အေးက ပြောသည်။

Drug Uni

ဇွန်လ ၂၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် သူငယ်ချင်းဖြစ်သူထံမှ ဖုန်းဝင်လာပြီး အသက် ၁၇ နှစ် အရွယ် မောင် ရဲဇော်နိုင်သည် နေအိမ်မှ ထွက်သွားကာ ယင်းနေ့ တွင် မြိုင် သာယာ ရဲစခန်း တွင် ဖမ်းဆီးခံထားရ ကြောင်း စုံးစမ်း သိရှိ ရသည် ဟု သူကပြောပြသည်။

ယခုနှစ် ဇွန်လ ၁၁ ရက်နေ့ကထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ထားသည့် အသက် ၁၇ နှစ်အရွယ် မောင်ရဲဇော်နိုင် မူးယစ်ဆေးဝါး မှုဖြင့် ဖမ်းဆီး ခံထားရသည့် ကိစ္စ ကို  ဖခင် ဖြစ်သူမှာ အံ့သြတုန်လှုပ်စေခဲ့သည်။

Advertisements

မောင်ရဲဇော်နိုင်ကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၂ နာရီအချိန်က စိတ်ကြွမူးယစ်ဆေးပြားများ ရောင်းဝယ်မှုဖြင့် မုပွန်နယ်မြေရဲစခန်းက ဖမ်းဆီးရမိခဲ့ခြင်း လည်းဖြစ်နေပြန်သည်။
ယင်း အမှုကြောင့် မောင်ရဲဇော်နိုင် မိဘများ ပူပင်သောက များဖြင့် ပြည့်နေသည်။
“သူဂုဏ်ထူးထွက်တော့ ကျွန်မ မှာဖြစ်နေတဲ့ရောဂါ ပျောက်သွားတယ်၊ ခုဒီကိစ္စကြားတော့ ရောဂါပြန်တိုး နေတယ်”ဟု  မောင်ရဲဇော်နိုင်၏ မိခင် ဒေါ်မြင့်အုန်း က ငိုသံ တစ်ချက်ရှိုက်၍ ယင်းအဖြစ် အပျက်ကို ပြောပြသည်။

မောင်ရဲဇော်နိုင်မှာ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်ထားရာ  တက္ကသိုလ်ကျောင်းစရိတ်ရရှိရန် မူးယစ်ဆေး များရောင်းချခြင်း ဖြစ်ကြောင်း မုပွန်ရဲစခန်းက စစ်ဆေးစဉ်ထွက်ချက်ပေးခဲ့သည်။

မောင်ရဲဇော်နိုင် သည် ဗိုလ်လောင်းသင်တန်းဖြေရန် ငွေကြေး လိုအပ်၍ မူးယစ်ဆေးဝါး ရောင်းချကာ ငွေရှာ နေသည်ဟု ဖမ်းဆီးသည့်ရဲ ကို ပြောပြခဲ့ကြောင်း အဆိုပါ အမှုကို ဖမ်းဆီးသည့် တာဝန်ကျရဲ တပ်ကြပ်က ပြောပြသည် ။

“သူ့ကို စစ်တော့ တက္ကသိုလ်တက်ဖို့ ငွေလိုလို့ ဆေးရောင်းတယ်ပြောတယ်” ဟု အဆိုပါ ရဲတပ်ကြပ် က ပြောပြသည်။
မူးယစ်ဆေးဝါးရောင်ဝယ် မှုဖြင့် ဖမ်းဆီးခံထားရ သူ မောင်ရဲဇော်နိုင် သည် ယခု ပညာသင်နှစ်တွင် ထွက်ရှိ ထားသော သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒတို့ကို ဂုဏ်ထူးဖြင့် အောင်မြင်ထားသူဖြစ်သည်။

မောင်ရဲဇော်နိုင် ကို မြိုင်သာယာ ရပ်ကွက် ဦးစစ်မောင်လမ်း ပြည့်စုံ တည်းခိုခန်းအရှေ့ တွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်။
မောင်ရဲဇော်နိုင် မဖမ်းမိခင်တွင် မောင်အောင်အောင် ဆိုသော ၎င်း၏ သူငယ်ချင်းကို မော်လမြိုင်မြို့၊ ဂွေးကုန်း ရပ်ကွက်၊ ဘုရင့်နောင်လမ်းထိပ်၊ ကျိုက္ခမီလမ်းမပေါ်တွင် မုပွန်နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိခဲ့သည်။

မောင်အောင်အောင် ဝတ်ဆင်ထားသော DSAMER တံဆိပ်ပါ အင်္ကျီဘယ်ဘက်လက် ခေါက်ထားသည့် အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

Advertisements

ထိုဆေးပြားများ မည်သည့် နေရာ က ဝယ်ယူသနည်း ဟု မေးမြန်းရာ မှ မောင်ရဲဇော်နိုင် ထံ ဆေးပြားတစ်ပြား လျှင် ငါးထောင်ကျပ်ဖြင့် ဝယ်ယူသည် ဟု ရဲတပ်ဖွဲ့ ကို ပြောဆို ခဲ့သည်။

မောင်အောင်အောင်၏ ပြောပြချက်အရ ၎င်းဆေးပြားနှစ်ပြားကို မြိုင်သာယာရပ်ကွက်၊ ၁၄ လမ်းနေ ရဲဇော်နိုင်ထံ မှ ဝယ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့သိရှိရသဖြင့် မောင်ရဲဇော်နိုင် လက်ကိုင်ဖုန်းသို့ ဆေးပြားများ ဝယ်ယူလိုကြောင်း အောင်အောင်မှတစ်ဆင့် ပြန်လည်ဆက်သွယ်ခဲ့ပြီးနောက် စိတ်ကြွမူးယစ်ဆေးပြားများကို မြိုင်သာယာရပ်ကွက်၊ ပြည်စုံတည်းခိုခန်းအရှေ့၊ လာရောက်ပို့ပေးရန် ချိန်းဆိုဖမ်းဆီးခဲ့ကြကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

မောင်ရဲဇော်နိုင်မှ ရောက်ရှိလာသဖြင့် ဖမ်းဆီးရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင်ထားသော အပြာရောင် အားကစား ဘောင်းဘီအတို ညာဘက်အိတ်ကပ် အတွင်း ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၃၀ ပြားကို တွေ့ရှိခဲ့ကြောင်း မုပွန်ရဲတပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် မောင်ရဲဇော်နိုင် ကို  မြိုင်သာယာနယ်မြေရဲစခန်း  ကမူးယစ်ဆေးဝါးရောင်းချသောကြောင့်  မယ (ပ) ၉/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၉ (က) အရ အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှတ်တမ်းအရ သိရသည်။

မောင်အောင်အောင်ကိုမူ မူးယစ်ဆေးဝါးလက်ဝယ် ထားရှိမှု ကြောင့် မုပွန်နယ်မြေရဲစခန်း၌ မယ (ပ) ၈/၂၀၁၆ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၆ (ဂ)၊ ၂၁ တို့ဖြင့် အမှု ဖွင့်အရေး ယူထားသည်။

သုံးဘာသာ ဂုဏ်ထူးရှင် ကား မူးယစ်ဆေးဝါး အမှု ကြောင့် တက္ကသီလာ သို့ သွားရန်ပြင်ဆင်နေရမည့် အစား အချုပ်ခန်းထဲ တွင်စံမြန်းနေရလေပြီ။
သူ ၏ ဖခင်နှင့် မိခင်တို့ ကား မူ မျက်ရည် စက်လက် ဖြင့် ယူကြုံးမရ ဖြစ်နေရုံ မျှသာ ။

မောင်ရဲဇော်နိုင် ကား ငယ်စဉ်ကတည်းက ပညာရေး တွင်ထူးချွန်သူဖြစ်ကြောင်း ၎င်း ၏ မိခင် က ပြောပြသည်။

ရဲဇော်နိုင်သည် အခြေခံမူလတန်း ပညာသင်ချိန်က ပထမ၊ ဒုတိယနှင့် တတိယအဆင့်ဖြင့် အောင်မြင်မှုရှိခဲ့ပြီး၊ အလယ်တန်းနှင့် အထက်တန်း ပညာသင်ချိန်တွင်လည်း အဆင့်တစ်မှ ၁၀ အတွင်းရရှိခဲ့ကြောင်း ရဲဇော်နိုင်၏ ဖခင် ဦးမောင်မောင်အေးက ဆိုသည်။

မောင်ရဲဇော်နိုင်သည် မော်လမြိုင်မြို့၊ ရွှေနတ်တောင် အထက်တန်းကျောင်းမှ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒတို့ ကို ဂုဏ်ထူးများရရှိပြီး ဇီဝဗေဒဘာသာရပ်တွင် ၂၇ မှတ်သာ ရရှိခဲ့ခြင်းကြောင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျရှုံးခဲ့သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပုဂံညောင်ဦးရှိ အဒေါ်ဖြစ်သူထံသို့ သွားရောက်နေထိုင်ပြီး နေဝန်းပညာ ဘော်ဒါဆောင်မှနေ၍ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခဲ့ရာ ယခင်နှစ်က ထွက်ရှိထားသော သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒတို့ကို ဂုဏ်ထူးဖြင့် ပြန်လည်အောင်မြင်ခဲ့ကြောင်း သူ ၏ ဖခင်က ပြောပြသည်။

ယခု အချိန်တွင် မောင်ရဲဇော်နိုင် သည် မြိုင်သာယာ ရဲစခန်း ၏ မီးရောင် လဲ့လဲ့ သံတိုင် နောက် ရှိ ခြင် ကိုက်သော ကွပ်ပစ်( ကုတင်) တစ်ခုပေါ်တွင် ရောက်ရှိနေလေပြီ ။

မောင်ရဲဇော်နိုင်သည် သူ၏မိခင်နှင့် ဖခင်အတွက် တစ်ဦးတည်းသော ရင်နှစ်သည်းချာလည်း ဖြစ်နေပြန်သော ကြောင့် သားချစ်သော မိခင်မှာ ၎င်း ဖမ်းခံထိပြီးနောက် ပိုင်း မျက်ရည်စက်လက်နှင့် သာဖြစ်နေကြောင်း ၎င်း၏ ဖခင် ကပြော ပြသည်။

“ သူကတစ်ဦးတည်းသော သားပါ ။ မူးယစ်ဆေးဝါး နဲ့ပတ်သက်ပြီး အဖမ်းခံရလို့အရမ်း ယူကြုံးမရဖြစ်တာပါပဲ” ဟု မောင်ရဲဇော်နိုင် ၏ ဖခင်ကဆိုလေသည်။

Advertisements

Leave a Reply