တရုတ်တွင် ကလေးသူငယ် ၁၅၀ နီးပါး သက်တမ်းလွန် ကာကွယ်ဆေး ထိုးခံရ

တရုတ်နိုင်ငံ ကျင်းဆုပြည်နယ်အရှေ့ပိုင်း၌ ကလေးငယ် ၁၄၅ ဦးကျော်မှာ သက်တမ်းလွန်နေသော ပိုလီယိုကာကွယ်ဆေးများ ထိုးခဲ့ရသည်ဟူသော သတင်းကြောင့် ပြည်နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ရက်တွင် အရေးပေါ် ကွင်းဆင်းစစ်ဆေးခဲ့ရကြောင်း သိရသည်။

တရုတ်တွင် ကလေးသူငယ်ကျန်းမာရေးစောင့်ရှောက်မှု၌ သက်တမ်းလွန်ဆေးအသုံးပြုမှုဖြစ်စဉ်များ ယခင်ကလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ဖူးပြီး စုံစမ်းစစ်ဆေးမှုများ ထိထိရောက်ရောက် မပြုလုပ်ပေးနိုင်ခဲ့ပေ။

ဇန်နဝါရီ ၁၄ရက်တွင် ကလေးငယ်များ၏ မိဘများ ပါဝင်သော လူစုလူဝေးကြီးက ကားလမ်းမကြီးကို ပိတ်ဆို့ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြပွဲကြောင့် မြို့လယ်တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ရသည်ဟု ကွန်မြူနစ်ပါတီထုတ် နိုင်ငံပိုင်သတင်းစာဖြစ်သည့် ပြည်သူ့နေ့စဉ်သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ပြည်နယ်အစိုးရစစ်ဆေးချက်များအရ သက်တမ်းလွန်ကာကွယ်ဆေးများ ကလေးငယ်များကို ထိုးနှံပေးခဲ့သည့် ရက်စွဲမှာ ၂၀၁၉ ဇန်နဝါရီ ၇ရက်နေ့က ဖြစ်သော်လည်း ဆေး၏ သက်တမ်းကုန်ဆုံးရက်မှာ ၂၀၁၈ ဒီဇင်ဘာ ၁၁ရက်ကတည်းကပင် ဖြစ်သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများအနက် ၁၄ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်ရှိသူများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း လက်ရှိထုတ်ပြန်ချက်များအရ သိရသည်။

Channel News Asia

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်