ကွန်ဂိုတွင် အတိုက်အခံပါတီခေါင်းဆောင် သမ္မတဖြစ်လာ

ကင်ရှားဆား ဇန်နဝါရီ ၂၂

ကွန်ဂိုနိုင်ငံရွေးကောက်ပွဲတွင် အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ ဖိလက်စ်ရှီဆီကေဒီက အနိုင်ရရှိခဲ့ပြီး သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရကြောင်း ဇန်နဝါရီ ၂၁ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ယင်းကိစ္စအပေါ် ပြိုင်ဘက် မာတင် ဖာယုလုက ကျေနပ်မှုမရှိဘဲ ရွေးကောက်ပွဲရလဒ်ကို ပြန်လည်ဖျက်သိမ်းပေးပါရန် တရားရုံးချုပ်သို့ လျှောက်ထားခဲ့ပြီး နိုင်ငံတကာသို့လည်း အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

သို့သော် တရားရုံးချုပ်က ရွေးကောက်ပွဲ၏ ရလဒ် ထွက်ပေါ်မှုသည် လွန်စွာရိုးရှင်းပါကြောင်းနှင့် ရွေးကောက် ပွဲတွင် ရှီဆီကေဒီ အနိုင်ရရှိသည့်အတွက် ကွန်ဂိုသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်မည်ဟု ဇန်နဝါရီ ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Advertisements

ဖိလက်သည် ကွန်ဂိုနိုင်ငံ၏ အင်အားအကြီးဆုံးအတိုက်အခံပါတီ၏ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပါတီအနေနှင့် ကိုယ်စားပြုကာ ပထမဆုံးအကြိမ်ရွေးကောက်ခံရခြင်းလည်းဖြစ်သည်။

ရွေးကောက်ပွဲကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ကျင်းပခဲ့ပြီး ယခုရက်ပိုင်းမှသာ သမ္မတရွေးကောက် ခံရခြင်း သတင်းကို အခြေခံဥပဒေဆိုင်ရာတရားရုံးချုပ်က ထုတ်ပြန်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ ခြင်းကြောင့် ဖိလက်စ်သည် ကွန်ဂိုနိုင်ငံ၏ သက်တမ်းအရှည်ဆုံး သမ္မတ ဂျိုးဇက်ကာဘီလာထဲမှ ရာထူးကို လက်လွှဲယူနိုင်တော့မည် ဖြစ်သည်။

ဇန်နဝါရီ ၁ဝ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က အတိုက်အခံပါတီခေါင်းဆောင် ဖိလက်စ် ရှီဆီကေဒီ သည် ဆန္ဒမဲ ၃၈ ဒသမ ၅၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ဆန္ဒမဲ ၃၄ ဒသမ ၈ ရာခိုင်နှုန်းသာ ရရှိခဲ့သည့် မာတင် ဖာယုလုကို အနိုင်ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ရွေးကောက်ခံသမ္မတ ရှီဆီကေဒီသည် ဇန်နဝါရီ ၂၂ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ် ကြောင်း ကွန်ဂိုရွေးကောက်ပွဲကော်မရှင်က ဆိုသည်

AFP

Advertisements

Leave a Reply