အဆိုတော် ခရစ်ဘယောင်း အဓမ္မပြုကျင့်မှုဖြင့် ပြင်သစ်တွင် ထိန်းသိမ်းခံရ

ပဲရစ် ဇန်နဝါရီ ၂၂
နာမည်ကျော် လူမဲအဆိုတော် ခရစ်ဘယောင်းဟာ အဓမ္မပြုကျင့်မှု၊ ဆေးသုံးဆွဲမှုတွေနဲ့ ပြင်သစ်နိုင်ငံမှာ အဖမ်းခံရပြီး ပြင်သစ်တရားရုံးကနေ တရားစွဲဆိုထားခြင်းခံထားရတယ်လို့ CNN သတင်းဌာနက ဇန်နဝါရီလ ၂၂ရက်နေ့မှာ ရေးသားထားပါတယ်။
ခရစ်ဘယောင်းဟာ သူအပါအဝင် အခြားလူနှစ်ယောက်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ် တယ်လို့ သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ပြင်သစ်နိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံး ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
တရားစွဲဆိုခံရတဲ့သတင်းကိုတော့ လက်ရှိ ခရစ်ဘယောင်းဘက်ကလိုက်ပေးနေတဲ့ ရှေ့နေက အတည်ပြုပေးခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ခရစ်ဘယောင်းဟာ အခုမှ တရားစွဲခံရဖူးတာတော့မဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ်လောက်က ချစ်သူ အမျိုးသမီး အဆိုတော် ရီဟားနားကို ကိုယ်ထိလက်ရောက် နာကျင်အောင်ပြုလုပ်ခဲ့လို့ တရား ရင်ဆိုင် ခဲ့ရဖူးပါတယ်။ တရားရုံးကနေ ဒဏ်ငွေနဲ့ ငါးနှစ်တိတိ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ပြစ်ဒဏ် ချမှတ်ခံရဖူးသူလည်းဖြစ်ပါတယ်။
၂၀၁၇ခုနှစ် ဧပြီလတုန်းက ကျင်းပခဲ့တဲ့ ရှိုးပွဲတစ်ခုမှာလည်း လူတစ်ယောက်က သူကို ခွင့်မတောင်းပဲ ဓါတ်ပုံရိုက်ခဲ့တာကြောင့် ကင်မရာကြိုးကို စောင့်ဆွဲရာမှတဆင့် မတော်တဆဖြစ်ပွားခဲ့ပြီး အချုပ်ခံခဲ့ ရပါသေးတယ်။ အဲ့ဒီလို ဒေါသမထိန်းနိုင်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ဒဏ်ငွေ ဆောင်ခဲ့ရပြီး နှစ်နှစ်ခန့်လည်း တရားရင်ဆိုင်ခဲ့ရပါသေးတယ်။
ခရစ်ဟာ ဆေးမှုနဲ့လည်း ကင်းခဲ့သူမဟုတ်ပါဘူး။ ၂၀၁၃ခုနှစ်မှာ ခရစ်နဲ့ သက်တော်စောင့်တို့ နှစ်ဦးလုံးဟာ ဝါရှင်တန်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ တရားမဝင် ဆေးသုံးစွဲခဲ့တာကြောင့် အဖမ်းခံခဲ့ရ ပါသေးတယ်။ ဒါပေမဲ့ ကံကောင်းစွာပဲ နောက်တစ်နေ့မှာ အာမခံစရာမလိုပဲ လွတ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာတော့ ခရစ်ဟာ မိခင်ဖြစ်သူရဲ့ ကားပြတင်းပေါက်ကို ဒေါသတကြီး ခြေထောက်နဲ့ ကန်ခဲ့ဖူးပြီး မိသားစုတွင်းတရားရင်ဆိုင်မှုတွေဖြစ်ခဲ့ပါသေးတယ်။
CNN

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်