အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မော်လမြိုင် ဇန်နဝါရီ ၂၃

မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ရွှေဝါလမ်းတွင် လူမနေသည့် အိမ်တစ်အိမ်အတွင်း၌ အမျိုးသားတစ်ဦး အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖော်ပြပါအိမ်ရှေ့ ဝရံတာထုတ်တန်းနှင့် နှစ်ပေခန့်အကွာတွင် နိုင်လွန်ကြိုးအရှည် ၃ ပေကျော်ခန့်ဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးးနေသူမှာ ယင်းရပ်ကွက်နေ မိုးဇက် (၂၂ နှစ် )ဖြစ်ကြောင်း ဇေယျာသီရိနယ်မြေရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

၎င်းမှာ အတူနေထိုင်သူ တိုးရာဇာ (ခ) အားနို (၂၄ နှစ်) ဆိုသူနှင့် ဇန်နဝါရီ ၂၀ ရက် ညက စကားများပြီး နေအိမ်မှ ထွက်သွားခဲ့ကြောင်း ရဲစစ်ဆေးချက်တွင် ဖော်ပြထားသည်။

Advertisements

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ဇေယျာသီရိနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/ ၂၀၁၉) အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

Advertisements

Leave a Reply