ဆိုနီရုံးချုပ် နယ်သာလန်သို့ ပြောင်းရွှေ့

တိုကျို ဇန်နဝါရီ ၂၃

Sony ကုမ္ပဏီရုံးချုပ်ကို ဗြိတိန်နိုင်ငံမှာ ထားရှိခဲ့ရာက ယခုလတ်တလောဖြစ်ပေါ်နေတဲ့ EU မှ ဗြိတိန် ခွဲထွက်ရေး Brexit သဘောတူညီချက်နှင့် နောက်ဆက်တွဲ စီးပွားရေးလှုပ်ခတ်မှုကို ရှောင်လွှဲနိုင်ဖို့အတွက် နယ်သာလန်နိုင်ငံကို ဇန်နဝါရီ ၂၃ရက်နေ့မှာ ပြောင်းရွှေ့ခဲ့ပါတယ်။

“ကျနော်တို့ ရုံးချုပ်ကို နယ်သာလန်မှာ ဖွင့်ဖို့အတွက် ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက လျှောက်လွှာတင်ခဲ့တယ်” လို့ ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိတဲ့ မစ္စတာ တာကာရှိလီဒါက ပြောပါတယ်။

ဒီလိုပြောင်းရွှေ့တာကို မြန်မြန်လုပ်ဆောင်လိုက်ရတာဟာ ဗြိတိန်နိုင်ငံက EU ကနေ ခွဲထွက်ဖို့ မအောင်မြင်ခင် အလျင်စလိုလုပ်လိုက်ရတာဖြစ်ပြီး နောက်ကျပါက ကုမ္ပဏီရှယ်ယာနှင့် ဈေးကွက် အလှုပ်အခတ်ဖြစ်နိုင်ကြောင်း မစ္စတာ တာကာရှီက ဖြည့်စွက်ပြောပါတယ်။

Advertisements

Sonyကုမ္ပဏီဟာ၂၀၁၈ခုနှစ် အစပိုင်းမှာ နယ်သာလန်မှာ ရုံးခွဲဖွင့်ဖို့ လျှောက်လွှာတင်ခဲ့တာဖြစ်ပြီး ယခု ဗြိတိန်ရဲ့ လတ်တလော စီးပွားရေးမတည်ငြိမ်တာကြောင့် ရုံးချုပ်ကို တစ်ပါတည်းပြောင်းဖို့ ဖြစ်လာခဲ့တယ်လို့ သူကပြောပါတယ်။

နောက်ပိုင်းမှာ Sony ကုမ္ပဏီဟာ EU အခြေစိုက်တဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်သွားတော့မှာပါ။ ဒါပေမဲ့ ဗြိတိန်မှာတော့ ကုမ္ပဏီရဲ့ ရုံးခွဲကိုဆက်ထားနေဦးမှာဖြစ်ပါတယ်။

ယခုလိုပြောင်းရွှေ့လိုက်ရတာဟာ စီးပွားရေးဈေးကွက်အလှုပ်အခတ်အပြင် ခွဲထွက်မှုကြောင့် ဖြစ်ပေါ်လာမဲ့ အခွန်အခ ပိုမိုပေးဆောင်ရတာကိုလည်း ရှောင်လွှဲချင်လို့ဖြစ်တယ်လို့ ကုမ္ပဏီဘက်က တရားဝင် ကြေညာ ပါတယ်။ အခြား ဗြိတိန်အခြေစိုက် ဂျပန်စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ MUFG, Nomura Holdings, Daiwa Securities and Sumitomo Mitsui Financial Group တို့ကလည်း မကြာမီ EUဘက်ကို ရုံးပြောင်းဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။

ဗြိတိန်နိုင်ငံဟာ အီးယူကနေခွဲထွက်ဖို့ လုပ်ဆောင်နေတာတစ်နှစ်နီးပါးရှိနေပါပြီး။ ပြီးခဲ့တဲ့ အပတ်က နောက်ဆုံးခွဲထွက်ဖို့အတွက် ဗြိတိန်လွှတ်တော်တွင်းမှာ ဝန်ကြီးချုပ်ထရီဇာမေက အဆိုတင်သွင်းပေမဲ့ အဆိုကို ပယ်ချခံခဲ့ရပါတယ်။

CNN

Advertisements

Leave a Reply