တိုင်းရင်းသားရေးရာအခြေခံအချက်များ စစ်တမ်း ကောက်ယူမည်

23
Photo - ကရင်ပြည်နယ်အစိုးရအဖွဲ့

ဘားအံ ဇန်နဝါရီ

တိုင်းရင်းသားရေးရာအခြေခံအချက်အလက်များ စစ်တမ်းကောက်ယူခြင်း အစီအစဉ်ကို ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြဝတီမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ညွှန်ကြားရေးမှူးရုံးများအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

အဆိုပါအစီအစဉ် စစ်တမ်း ကောက်ယူခြင်း အခမ်းအနား တစ်ရပ်ကို ကရင်ပြည်နယ် ဘားအံမြို့ ခရားအတွင်းကျေးရွာအုပ်စု ခရားအတွင်းကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက်က ကျင်းပခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲနိုင်ရေးအတွက် ရည်ရွယ်ကောက်ခံခြင်းဖြစ်ကြောင်း၊တိုင်းရင်းသားရေးရာအခြေခံအချက်များ ကောက်ယူခြင်းပြုလုပ်ရာတွင် တက်ရောက်လာသည့်  ကျေးရွာရှိ တိုင်းရင်းသားဒေသခံများက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ အခွင့်အရေးနှင့်ရပိုင်ခွင့်များ အခြေခံအချက်အလက်များအား သိရှိနားလည်မှု ရှိ၊ မရှိ စစ်တမ်းကောက်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို တိုင်းရင်းသားလူမျိုးများ သိရှိစေရေးအတွက် ပညာပေးဟောပြောပွဲကိုလည်း ကျင်းပခဲ့သည်။

ယင်းနေ့ အခမ်းအနား၌ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအကြောင်းအရာများကို  ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်  မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဦးမင်းတင်ဝင်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးခွန်မျိုးတင့်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျေးရွာနေတိုင်းရင်းသားလူမျိုးများ တက်ရောက်ကြကြောင်း သိရသည်။

ကိုးကား – ကရင်ပြည်နယ်အစိုးရအဖွဲ့

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်