မော်လမြိုင် ကမ်းနားလမ်း၌ ကားပါကင်နှင့် ပြည်သူ့ ပန်းခြံ တည်ဆောက်ရန် ဆွေးနွေးမည်

56

မော်လမြိုင် ဇန်နဝါရီ

မော်လမြိုင်ကမ်းနားလမ်း၌ ကားပါကင်နှင့် ပြည်သူ့ပန်းခြံ တည်ဆောက်ရန်အတွက် စိတ်ပါဝင်စားသည့် Developer များနှင့် ညှိနှိုင်းဆွေးနွေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ထိုကဲ့သို့ လုပ်ဆောင်ရန် စီစဉ်ရခြင်းမှာ အစိုးရအနေဖြင့် ငွေကြေးသုံးစွဲနိုင်ခြင်း မရှိသဖြင့် Developer များဖြင့် ညှိနှိုင်းဆွေးနွေးသွာရန် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“စိတ်ဝင်စားတဲ့သူတွေ လာမယ်ဆိုရင်တော့၊ သူတို့ Proposal လာပေးမယ့်ဆိုရင်တော့ စဉ်းစားပေးမယ်ပေါ့၊ အစိုးရကတော့ ပိုက်ဆံမနိုင်သေးဘူး၊ ကားပါကင်က သိပ်မကုန်ပေမယ့် ပန်းခြံပါ နှစ်ခုဆိုတော့ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

ကားပါကင်နှင့် ပြည်သူ့ပန်းခြံ တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ကုန်ကျနိုင်သောကြောင့် စိတ်ဝင်စားသူများနှင့် လာရောက် ညှိနှိုင်း ဆွေးနွေးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် ကမ်းနားလမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားစိုက်ကာ ဆောင်ရွက်ပေးမည်ဖြစ်သော်လည်း အချိန်ကြန့်ကြာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စိတ်ရှည်စွာ စောင့်ပေးကြရန် လိုကြောင်း ဝန်ကြီးက ဆိုသည်။

ကမ်းနားလမ်းကို သာသာယာယာဖြစ်စေရန် နှင့် သန့်ရှင်းမှုရှိစေရန်အတွက် ပြည်သူများမှလည်း ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ပါက အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုက်ထိုက

Advertisements

Leave a Reply