၂၀၁၈ မှာ ရောင်းအား နှစ်ဆ မြင့်တက်ခဲ့တဲ့ KIA ကားကုမ္ပဏီ

27

ဆိုးလ် ဇန်နဝါရီ ၂၆

နာမည်ကျော် တောင်ကိုးရီးယား ကားကုမ္ပဏီ KIA ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ရောင်းအား နှစ်ဆ မြင့်တက်ခဲ့ပြီး အမြတ်ငွေလည်း နှစ်ဆဖြစ်ခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

ဒါဟာ တရုတ်နဲ့ အနောက်နိုင်ငံတွေရဲ့ ကုန်သွယ်ရေးတိုက်ပွဲကြောင့် တောင်ကိုရီးယား ကားဈေးကွက်ကို နိုင်ငံတကာက ပိုမို စိတ်ဝင်စားလာခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

KIA ကုမ္ပဏီဟာ တောင်ကိုရီးယားနိုင်ငံရှိ ကားကုမ္ပဏီတွေထဲမှာ ဒုတိယမြောက် အကြီးဆုံး ဖြစ်ပါတယ်။ ကုမ္ပဏီဝင်ငွေတိုးခဲ့တာကြောင့် ထုတ်လုပ်သူအပါအဝင် ဝန်ထမ်းအားလုံးကိုလည်း ရပိုင်ခွင့်နဲ့ ရာထူးတွေ ခံစားခွင့်ပေးခဲ့တယ်လို့ ကုမ္ပဏီရဲ့ စီအိုးအို Kia Motorက ဇန်နဝါရီလ ၂၅ရက်မှာ ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တိုးမြင့်လာတဲဲ့ ရောင်းအားနဲ့ မြင့်မားလာတဲ့ ထုတ်ကုန်ဈေးနှုန်းကြောင့် Kia ရဲ့ ဝင်ငွေဟာ ၁.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဝမ် ၅၄.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၈.၃ ဘီလီယံ) ရှိခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ် ၇၄.၈ ရာခိုင်နှုန်းမြင့်တက်လာကာ ဝမ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) ရှိခဲ့ပြီး အသားတင်ဝင်ငွေမှာလည်း ၁၉.၄ ရာခိုင်နှုန်းမြင့်တက်လာပြီး ဝမ် ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ) တိုးလာခဲ့ပါတယ်။

Kia ကားများ ပြည်တွင်း ပြည်ပ ရောင်းချမှုအနေနဲ့ ၂၀၁၈ ခုနှစ်မှာ စုစုပေါင်း စီးရေ ၂,၈၀၉,၂၀၅ စီးရှိခဲ့ပြီး ယမန်နှစ်ကထက် ၂.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်မှာလည်း ရောင်းအား ကားစီးရေ ၅၂၈,၆၁၁ စီးဖြင့် ၂ ရာခိုင်နှုန်း၊ ပြည်ပမှာ၂,၂၈၀,၅၉၄ စီးဖြင့် ၂.၅ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Bangkok Post

Advertisements

Leave a Reply