တရုတ်ပြည် ငွေပေးချေစနစ်ကို သိမ်းပိုက်တော့မယ့် Mastercard

21

ပေကျင်း ဇန်နဝါရီ ၂၆

အမေရိကန်နိုင်ငံအခြေစိုက် ငွေပေးချေကတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mastercard ဟာ တရုတ်နိုင်ငံရဲ့ တရားဝင် ငွေပေးချေစနစ် လိုင်စင် လျှောက်ထားခဲ့ပြီး မကြာခင်မှာပဲ တရုတ်ရဲ့ ပင်မ ငွေပေးချေစနစ်ကို ဆုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်ဟာ ငွေပေးချေကတ်စနစ်ကို ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တဲ့ လုံခြုံစိတ်ချရမှုရှိတဲ့အပြင် ဈေးကွက်လိုအပ်ချက်လည်း ရှိနေတာကြောင့် ခုလို ခြေတစ်လှမ်းတိုး တရားဝင် လိုင်စင်ယူ လုပ်ကိုင်ဖို့ ဖြစ်လာတယ်လို့ Mastercard ကုမ္ပဏီ ဝက်ဘ်ဆိုဒ်မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။

“ကုမ္ပဏီရဲ့ မျှော်မှန်းချက်က အနာဂါတ်မှာ Mastercard အကူအညီနဲ့ တရုတ်ပြည်တွင်းငွေပေးချေမှုတွေကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ပေးချေနိုင်ဖို့ဖြစ်ပြီး တခြား မိုဘိုင်း appတွေကိုလည်း လုပ်ဆောင်ပေးနိုင်ဖို့ ဖြစ်တယ်”လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Mastercard ကုမ္ပဏီဟာ ၂၀၁၇ခုနှစ်ကတည်းက တရုတ်ပြည်ကို ငွေသွင်းငွေထုတ်စနစ်နဲ့ပတ်သတ်ပြီး အခမဲ့ အကူအညီပေးခဲ့တာဖြစ်တယ်လို့ တရုတ်ပြည်တွင်းသတင်းစာ ပေကျင်းnews မှာ ဖော်ပြထားချက်အရ သိရပါတယ်။

၂၀၁၈ခု ဇွန်လမှာတော့ တရုတ်ကနေ နိုင်ငံတကာကို ငွေလွှဲတဲ့စနစ်အထိ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တရုတ်ဗဟိုဘဏ်က သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

Mastercard ကုမ္ပဏီနဲ့ အပြိုင် အမေရိကန်အိတ်စ်စပတ်စ် ကုမ္ပဏီဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြည်တွင်းကတ်စနစ်အတွက် ခွင့်ပြုချက်ရထားတဲ့ ပထမဆုံးသော ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၂၀ မှာ တရုတ်ရဲ့ ကတ်စနစ်ကို Mastercard နဲ့ ဈေးကွက် အကြီးအကျယ်ယှဉ်ပြိုင်မယ့် အနေအထားမှာရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ်Union Payလို့ခေါ်တဲ့ ပြည်တွင်း ငွေပေးချေစနစ်နဲ့ ပြည်ပငွေလွှဲလုပ်ကိုင်နေတဲ့ အကြီးဆုံးကုမ္ပဏီက တော့အစပိုင်းက နိုင်ငံခြားကတ်ကုမ္ပဏီများစွာနဲ့ လက်တွဲလုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ကမ်းလှမ်းခဲ့တဲ့ အထဲမှာ မာစတာကဒ်နဲ့ အမေရိကန်အိတ်စပတ်စ်တို့လည်း ပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်ဗဟိုဘဏ် က တရားဝင်တင်ဒါခေါ်တာကြောင့် လိုင်စင် တိုက်ရိုက် လျှောက်ထားကြတာ ဖြစ်ပါတယ်။

UnionPay ကုမ္ပဏီကတော့ Mastercard အပြင် ဗီဇာနဲ့ APPle တို့ကိုလည်း တွဲဖက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေအဖြစ် ရွေးချယ်အတည်ပြုထားပါတယ်။

Reuters

Advertisements

Leave a Reply