တရားမဝင် ကျောက်၊ သဲ စုပ်စက်လှေများ တွေ့ရှိပါက တိုင်ကြားနိုင်ဟု သယံဇာတဝန်ကြီးပြော

မော်လမြိုင် ဇန်နဝါရီ ၂၈

မြစ်ချောင်းများအတွင်း တရားမဝင် လုပ်ကိုင်နေသည့် တရားမဝင် ကျောက်၊ သဲ စုပ် စက်လှေများ တွေ့ရှိပါက အထောက်အထား မှတ်တမ်းဓာတ်ပုံနှင့်တကွ ‘တရားမဝင် ဓာတ်သတ္တုတူးဖော်မှု မြို့နယ် တားဆီးကာကွယ်ရေး ကော်မတီ’သို့ ချက်ချင်း တိုင်ကြားနိုင်ကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။

အဆိုပါ အဖွဲ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မွန်ပြည်နယ် ဆယ်မြို့နယ်၌ အသီးသီး ဖွဲ့စည်းထားပေးပြီးဖြစ်ကာ တိုင်ကြားပါက ယင်းအဖွဲ့က သွားရောက်စစ်ဆေးပေးမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့်လည်း မိမိတို့ နယ်မြေအတွင်း တရားမဝင် လုပ်ဆောင်နေခြင်း ရှိမရှိကို သိရှိရမည်ဖြစ်ပြီး သိရှိပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားရမည်ဖြစ်ကြောင်း ပြောသည်။

Advertisements

“အပိုင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သိကို သိရမယ်၊ မိမိတို့ အုပ်ချုပ်နေတာ တရားဝင် မဝင် သိရမယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ယင်း ကျောက်၊ သဲစုပ်ခြင်းလုပ်ငန်းကို လုပ်ဆောင်သင့်မသင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ သဘောထား မှတ်ချက်ပေးရပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုင်စင်ထုတ်ပေးခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ကျောက်၊သဲ ထုတ်လုပ်ခြင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တရားဝင် ချထားပေးသည့် လိုင်စင်မှာ ဇန်နဝါရီ ၂၈ ရက်နေ့ထိ သထုံခရိုင်တွင် ခုနှစ်ခုနှင့် မော်လမြိုင်ခရိုင်တွင် နှစ်ခုသာ ရှိကြောင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

တေဇ

Advertisements

Leave a Reply