ဗင်နီဇွဲလားရှိ အမေရိကန် သံအမတ်အားလုံး နှင်ထုတ်ခံရ

ဇန်နဝါရီလ ၂၆ရက်တွင် အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံ၏ တော်လှန်ရေးအစိုးရဘက်တွင် ရပ်တည်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး လက်ရှိအုပ်ချုပ်ဆဲ Maduro အစိုးရအဖွဲ့က နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်များအားလုံးကို  ထွက်ခွာရန် နှင်ထုတ်ခဲ့သည်။

ထို့အတွက်Maduro အစိုးရအပေါ် ဥရောပနှင့် အမေရိကန်နိုင်ငံများ၏ သဘောထားမှာ ပိုမိုတင်းမာလာခဲ့ရသည်။

ဥရောပနိုင်ငံအများစုနှင့် အမေရိကန်တို့က မာဒူရိုအစိုးရကို ကန့်ကွက်နေပြီး တော်လှန်ရေးခေါင်းဆောင်Guaidoဘက်မှ ထောက်ခံကြောင်း သတင်းများ၊ သဝဏ်လွှာများ ထုတ်ပြန်ထားသည်။ လက်ရှိ Maduroအစိုးရဘက်တွင် တရုတ်နှင့် ရုရှား နှစ်နိုင်ငံသာ ရပ်တည်နေပြီး   ဗင်နီဇွဲလားတွင် ၎င်းတို့ရင်းနှီးမြှုပ်နှံခဲ့သော ဒေါ်လာ ဘီလီလျံနှင့်ချီသော ငွေကြေးများ ပြန်လည်ရရှိစေရန် မျှော်လင့်နေကြခြင်း ဖြစ်သည်ဟု နိုင်ငံရေးကျွမ်းကျင်သူများမှ သုံးသပ်ထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗင်နီဇွဲလားကိစ္စ အရေးပေါ် အစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး ဗင်နီဇွဲလားမှာ တွင်းထွက်ရေနံ၊သယံဇာတ ကြွယ်ဝသော်လည်း လက်ရှိသမ္မတ Nicolas Maduro၏ ညံ့ဖျင်းမှုကြောင့် နိုင်ငံ့စီးပွားရေးကဏ္ဍ အောက်သို့ ထိုးကျနေရကြောင်း ဝေဖန်ပြောဆိုခဲ့သည်။

Advertisements

Channel News Asia

 

Advertisements

Leave a Reply