စိတ်ကြွရူးသွပ်ဆေးပြားအချို့ ပုဆိုးခါးပုံစထဲမှ ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ ၂၈

သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက် နေအိမ်တစ်အိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားအချို့ကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၇ ရက်တွင် ရှာဖွေဖမ်းမိခဲ့ကြောင်း သိရသည်။

အချိုင် (ခ) စက်နိုင်ဦး၏ နေအိမ်ကို သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ၎င်း၏ ပုဆိုး ခါးပုံစထဲမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြားနှင့် ဆေးပြားသုံးစွဲမည့် ဆက်စပ်ပစ္စည်းများဖြစ်သည့် အချိုရည်ဗူး၊ အအေးစုပ်ပိုက်များနှင့် ဂက်စ်မီးခြစ်တို့ကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

သို့ဖြစ်၍ အချိုင် (၂၁ နှစ်) ကို သံဖြူဇရပ်မြို့မရဲစခန်း၌ မယ (ပ) ၃/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ) အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ခေတ်မင်း

Leave a Reply