Apple ရှယ်ယာဈေးပြန်တက်

33

နယူးယောက် ဇန်နဝါရီ ၂၈

ဈေးကွက်ကျဆင်း ကုန်ပစ္စည်းတွေ ရောင်းအားကျတဲ့ကာလ ကုန်ဆုံးပြီး ရှယ်ယာတွေ ဈေးပြန်တက်ကာ အကောင်းဆုံးကာလများဆီ ပြန်ဦးတည်နေကြောင်း အိုင်ဖုန်းကုမ္ပဏီရဲ့ ထိပ်တန်းစီးပွားရေး ပညာရှင် မင်ချီကူကပြောပါတယ်။

သုံးသပ်ချက်တွေအရ အိုင်ဖုန်းဈေးကွက်နဲ့ အပိုပစ္စည်းထုတ်လုပ်မှုဟာ ရောင်းအားကျတဲ့ကာလအတွင်းမှာ တောင် အမြင့်ဆုံးဈေးနှုန်းနဲ့ တောင့်ခံထားနိုင်ခဲ့ပြီး ထိပ်တန်းထုတ်ကုန်တံဆိပ်အဖြစ် ထိန်းထားနိုင်ဆဲဖြစ် ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ အလယ်ပိုင်းလောက်ကစပြီး ဈေးကွက်မှာ ကျဆင်းခဲ့တဲ့ အိုင်ဖုန်းနဲ့ တခြား Apple ထုတ်ကုန်တွေဟာ ၂၀၁၉ အစပိုင်းမှာ ရုတ်တရက် ဈေးကွက်မှာ ပြန်ခုန်တက်နေခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ကြိုတင်မှာတဲ့ ထုတ်ကုန်နဲ့ ဈေးကွက်ဖြန့်ချိမှုကို လျှော့ချခဲ့ရတဲ့ Apple ထုတ်ကုန်တွေဟာ ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာဖြစ်ခဲ့တဲ့ တရုတ်နဲ့ အမေရိကန်တို့ ကုန်သွယ်ရေးစစ်ပွဲနဲ့ တိုက်ရိုက်ဆက်စပ်ပြီး ဈေးကွက် ကျဆင်းခဲ့တာပါ။ ဒါပေမဲ့ တင်းမာမှုတွေမပြီးဆုံးခင်မှာပဲ ဈေးကွက်က ပြန်လည် တက်လာခဲ့တာဖြစ်ပါတယ်။

Appleရဲ့ နောက်ထုတ်ကုန်သစ်တွေဟာ အခုလက်ရှိတက်နေတဲ့ ဈေးကွက်ကို ထိပ်တန်းရောက်တဲ့အထိ ဆွဲခေါ်သွားနိုင်မှာဖြစ်တယ်လို့ စီးပွားရေးပညာရှင် မင်ချီကူက ပြောပါတယ်။

Appleရဲ့ စီအီးအိုဖြစ်သူ တင်ကွတ်ဟာ ဇန်နဝါရီလ အစပိုင်းမှာ ကုမ္ပဏီရဲ့ သွင်းကုန်ထုတ်ကုန်အခွန်နဲ့ဆက်စပ် ပြီး ထုတ်ကုန်တွေရဲ့ ရောင်းချနှုန်းဟာ ကောင်းမွန်တဲ့ ရလဒ်ရှိခဲ့တယ်လို့ ပြောခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာမှာတော့ Apple ရဲ့ စတော့ရှယ်ယာဈေးကွက်ဟာ ၃၀ရာခိုင်နှုန်းအထိ ကျဆုံးခဲ့ပြီး အိုင်ဖုန်းသေဆုံးပြီးလို့ လေ့လာသူတွေက သုံးသပ်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ သုံးလအတွင်းမှာပဲ ဈေးကွက်ရဲ့ ထိပ်တန်းကို ပြန်လည်တက်လာခဲ့တာဖြစ်ပါတယ်။

“အကယ်လို့ တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေးစစ်ပွဲဟာ ဒီနှစ်ကုန်ထိမပြီးပြတ်သေးဘူးဆိုရင်တော့ Apple ထုတ်ကုန်တွေဟာ ဥရောပနဲ့ အနောက်နိုင်ငံတွေရဲ့ ဈေးကွက်ကို ချုပ်ကိုင်နိုင်တော့မှာ ဖြစ်တယ်”လို့ တင်က ပြောပါတယ်။

CNBC

Advertisements

Leave a Reply