တစ်လလုံးအတွက် ဒေါ်လာ ၄၀ သာ ကျသင့်မယ့် Youtube ဝန်ဆောင်မှုအသစ်

နယူးယောက် ဇန်နဝါရီ ၂၈

Google ကုမ္ပဏီရဲ့ ချယ်နယ်ခွဲတစ်ခုဖြစ်တဲ့ Youtube ဟာဆိုရင် ယခုလကစပြီး ဝန်ဆောင်မှုအသစ်ကိုပေးတော့မယ်လို့ ကြေညာခဲ့တာပါ။ အဲဒီဝန်ဆောင်မှုကတော့ တစ်လလုံးကို Youtube ချယ်နယ်ကနေ Live လွှင့်ဖို့အတွက် ဒေါ်လာ၄၀သာကျသင့်မဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။

Youtube ရဲ့ ဝန်ဆောင်မှုအသစ်ဟာဆိုရင် Google နဲ့ချိတ်ဆက်နေတဲ့ တီဗီချယ်နယ်တွေအပြင် အခြား ဆက်စပ်ရုပ်သံလိုင်းတွေနဲ့ပါ ချိတ်ဆက် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုအသစ်ဟာ Youtube ကို အမေရိကန်ဈေးကွက်မှာတစ်ဖန်ပြန်လည် ရှေ့တန်းရောက်အောင် ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကနေ ဒေသပေါင်း ၁၉၅ခုကို တိုက်ရိုက် ရုပ်သံလွှင့်နိုင်ပြီးတော့ အမေရိကန်နိုင်ငံ ဒေသတွင်းမီဒီယာတွေရဲ့ ၉၅ရာခိုင်နှုန်းရဲ့ ဘလော့ဂ်တွေကို တိုက်ရိုက် ချိတ်ဆက်ပေးနိုင်တာကြောင့် လူကြိုက်များတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်လာမယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Youtubeရဲ့ တိုက်ရိုက်ထုတ်လွှင့်နိုင်မဲ့ ကွန်ယက်မှာ CNN ABC FOX တို့လို နိုင်ငံတကာရုပ်သံလိုင်းတွေအပြင် တစ်လတစ်ခါအခကြေးငွေနဲ့ ဝန်ဆောင်မှု ပေးနေတဲ့ STARZတို့ DVRတို့လို ကုမ္ပဏီတွေလည်းပါဝင်နေပါတယ်။ ဒါ့အပြင် ဂိမ်းဝန်ဆောင်မှုတွေနဲ့ ကာစတန်မာတွေကို တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့ အွန်လိုင်းဝန်ဆောင်မှုအသစ်တစ်ခုလည်းထည့်သွင်းထားသေးတာကြောင့် စတင်ချိန်ကစပြီး လူကြိုက်အများဆုံး ဝန်ဆောင်မှု ဖြစ်ခဲ့ပါတယ်။

Youtubeကုမ္ပဏီဟာ ဒီဝန်ဆောင်မှုကို ၂၀၁၇ခုနှစ်ကတည်းက စတင်အကောင်ထည်ဖော်လုပ်ဆောင်ခဲ့ပေမဲ့ အခုနှစ်မှသာစတင်အကောင်ထည်ဖော်နိုင်ခြင်းဖြစ်ပါတယ်။ ဝင်ရောက်ကြည့်ရှုသူ သုံးသိန်းကျော်နဲ့စတင်ခဲ့တဲ့ ဝန်ဆောင်မှုဟာ လက်ရှိမှာ ရှစ်သိန်းကျော်ခဲ့တာကြောင့် ၂၀၁၈ ဖေဖော်ဝါရီလမှာ ၃၅ဒေါ်လာ သို့မဟုတ် ဒေါ်လာ ၄၀ နဲ့ စလုပ်ဖို့ သတ်မှတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Youtube ဟာ နောက်အနာဂါတ်မှာ တီဗီချယ်နယ်တွေနဲ့ တိုက်ရိုက် လိုက်ဗ်လွှင့်ပြီး ဝန်ဆောင်မှုပေးတဲ့အထိ လုပ်ဆောင်သွားဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ABC

Leave a Reply