ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင် မနက်ဖြန် လွတ်မည်

33
Detained Myanmar deputy police major Moe Yan Naing, wearing handcuff and footchain is led by police to a court as witness to the ongoing trial of two journalists in Yangon on May 9, 2018. (Photo by Myo Kyaw SOE / AFP) (Photo credit should read MYO KYAW SOE/AFP/Getty Images)

 

မော်လမြိုင် ဇန်နဝါရီ ၃၁

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ရိုက်တာသတင်းထောက်နှစ်ဦးကို ဖမ်းဆီးခဲ့သည့် အမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်တိုင်း သက်သေထွက်ဆိုခဲ့သဖြင့် မြန်မာနိုင်ငံရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရသည့် ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်မည်ဖြစ်ကြောင်း သိရသည်။

“ဦးမိုးရန်နိုင်က အကျဉ်းထောင်ကချမှတ်တဲ့ စည်းကမ်းချက်တွေကို လိုက်နာတဲ့အတွက် အထူးလျှော့ရက် ခံစားခွင့်တွေလည်း ရခဲ့တာပါ” ဟု အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ဟင်္သာမီဒီယာသို့ အတည်ပြုပြောဆိုသည်။

ဦးမိုးရန်နိုင်မှာ ရိုက်တာသတင်းထောက်နှစ်ဦး၏ အမှုကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင်တရားရုံး၌ သက်သေထွက်ဆိုရာ၌ ရဲမှူးချုပ် တင်ကိုကိုမှ ထောင်ချောက်ဆင်ဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့မှုကြောင့် မြန်မာနိုင်ငံရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီ ၂၇ ရက်နေ့က အမိန့်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် Pen Myanmar က ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေ ၁၅ သိန်းကျပ် ဒီဇင်ဘာ ၂၂ ရက်တွင် ချီးမြှင့်ထားကြောင်း သိရသည်။

ခေတ်မင်း

Advertisements

Leave a Reply