Advertisements

၂၀၁၈ တွင် ရောင်းကြေး နှစ်ဆ ခုန်တက်ခဲ့တဲ့ အလီဘာဘာ အွန်လိုင်းရှော့ပင်း ကုမ္ပဏီ

ပေကျင်း ဖေဖော်ဝါရီ

အွန်လိုင်းရှော့ပင်းနဲ့ ကမ္ဘာတစ်ဝန်း ရေပန်းစားတဲ့ တရုတ်ကုမ္ပဏီကြီး အလီဘာဘာက ပြီးခဲ့တဲ့နှစ် ၂၀၁၈ တစ်နှစ်တာအတွင်း ရောင်းရငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၁၀၀ကျော် ရှိခဲ့တယ်လို့ ၂၀၁၉ ဇန်နဝါရီ ၃၁ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်၊ တရုတ် ကုန်သွယ်ရေး ပဋိပက္ခကြောင့် တရုတ်နိုင်ငံက ကုမ္ပဏီရှယ်ယာတွေ ဆက်တိုက်ကျဆင်းနေခဲ့ပေမဲ့ အလီဘာဘာ ကုမ္ပဏီရဲ့ ရောင်းရငွေနဲ့ အမြတ်နှုန်းက တရိပ်ရိပ် တက်နေဆဲဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ မျက်စိကျနေဆဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၆ ခုနှစ်ကတည်းက ငွေကြေးကျဆင်းမှုတွေ၊ စီးပွားရေးဈေးကွက်လျော့ရဲလာမှုတွေ ရင်ဆိုင်ရပေမဲ့ အွန်လိုင်းစီးပွားရေးလို့ ခေါ်တဲ့ E Commerce ကတော့ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာခဲ့တယ်လို့ ဘောဂဗေဒစစ်တမ်းတွေက ညွှန်းဆိုနေပါတယ်။ စစ်တမ်းတွေအရ အလီဘာဘာရဲ့ ရှယ်ယာတွေဟာ စီးပွားရေးအကျပ်အတည်းကြားမှာတင် ၆ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ ဖော်ပြနေပါတယ်။

Advertisements

ဒါ့အပြင် ရောင်းချရငွေဟာလည်း ၂၀၁၇ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀၀ကျော်သာရှိခဲ့ပြီး ၂၀၁၈ခုနှစ်မှာ သန်းပေါင်း ၄၁၀၀အထိ မြင့်တက်လာတာကြောင့် အမြတ်ငွေ ၂ဆကျော်ရရှိခဲ့ပါသေးတယ်။

အလီဘာဘာဟာ ဈေးကွက်ထိပ်တန်းမှာရပ်နေဆဲဖြစ်ပြီး အနောက်နိုင်ငံဈေးကွက်တွေရဲ့ ရှေ့မှာ ပြေးနေဆဲဖြစ်တယ် လို့ ဈေးကွက်လေ့လာသုံးသပ်သူ နိုမူယာက ပြောပါတယ်။

အလီဘာဘာရဲ့ အောင်မြင်မှုနောက်ကွယ်မှာ အင်မတန်တိကျသေချာတဲ့ စီးပွားရေးနည်းဗျူဟာချမှတ်ထားမှု တွေရှိနေခဲ့တယ်လို့ သူကဆိုပါတယ်။

ကုမ္ပဏီဟာ အွန်လိုင်းကနေတစ်ဆင့် ဈေးဝယ်ရာမှာ ဖုန်းနဲ့ ဝယ်ယူနိုင်ရုံမက ဖုန်းသုံးပြီး ဈေးမဝယ်တတ်သူတွေအတွက် အခမဲ့ ဝန်ဆောင်မှုပေးဖို့ ရွေ့လျား အွန်လိုင်းဈေးရောင်းတဲ့ စနစ်ကိုလည်း ကျင့်သုံးထားပါသေးတယ်။ ဈေးဝယ်ဖို့အတွက် ရွှေ့လျားအွန်လိုင်းဝန်ထမ်းတွေက ဖုန်းကိုအသုံးပြုပြီး လိုအပ်တာကိုဝယ်ပေးတာဖြစ်ပါတယ်။ ဖုန်းဆက်လိုက်ရုံ နဲ့ အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၁၈ အစပိုင်းမှာ ကျင့်သုံးခဲ့တာကြောင့် ရောင်းအား ၂ဆကျော် မြင့်တက်လာခဲ့ပါတယ်။

အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး အွန်လိုင်းဈေးကွက်ဟာ တရုတ်မှာရှိနေခဲ့တယ်ဆိုတာ အလီဘာဘာက သက်သေပါပဲလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

CNBC

Advertisements

Leave a Reply