ထရန့်ကို ရွေးကောက်ပွဲရန်ပုံငွေချေးခဲ့သည်ဆိုသော သတင်း ဂျာမဏီဘဏ် ငြင်းချက်ထုတ်

32

နယူးယောက် ဖေဖော်ဝါရီ ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၆ခုနှစ်က အသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲရန်ပုံငွေအတွက် ချေးငွေထုတ် ချေးပေးခဲ့တယ်ဆိုတဲ့သတင်းကို ဂျာမဏီဘဏ်တစ်ခုဖြစ်တဲ့ Deutsche ဘဏ်ဘက်က တရားဝင် ထုတ်ပြန်ချက်နဲ့ ငြင်းဆိုလိုက်ပါတယ်။

Deutshce ဘဏ်ဟာ သမ္မတထရန့် ရွေးကောက်ပွဲမဝင်စဉ်ကတည်းက စီးပွားရေး လက်တွဲဖော်တွေအဖြစ်နဲ့ လုပ်ကိုင်ခဲ့ကြပြီး ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာလည်း ချေးငွေ ထုတ်ချေးက နောက်ကွယ်ကနေ ထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့သတင်းဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ ထွက်ပေါ်ပျံ့နှံ့လာတာကြောင့် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။

အကယ်၍ သမ္မတထရန့်က ချေးငွေယူခဲ့တယ်ဆိုပါက တရားမဝင် ငွေကြေးထည့်သွင်းသုံးစွဲမှုနဲ့ ပြန်လည်စစ် ဆေးခံရမဲ့ အနေအထားမှာရှိနေတာကြောင့် ဘဏ်ဘက်က တရားဝင် ထုတ်ပြန်ပြီးဖြေရှင်းပေးခဲ့တာပါ။

ထွက်ပေါ်လာတဲ့သတင်းတွေအရ ထရန့်ဟာ ဘဏ်ဘက်ကနေ ချေးငွေတွေယူပြီး စကော့တလန် ဂေါက်အသင်း ကို ထူထောင်ခဲ့တယ်လို့ အရင်းအမြစ်တွေဘက်က ခိုင်ခိုင်မာမာ ပြောဆိုနေကြပါတယ်။

ဘဏ်ဘက်ကတော့ ဒေါ်နယ်ထရန့်ဟာ ဘဏ်ကနေ ငွေကြေးယူစရာလိုတဲ့အနေအထားမဟုတ်ပဲ ပိုင်ဆိုင်သည့် ငွေဖြင့် ဘဏ်တစ်ခုပင် တည်ထောင်နိုင်နေကြောင်း၊ ချေးငွေသတင်းဟာ ယုတ္တိမရှိပဲ ယခင်က သမ္မတထရန့်နဲ့ ဘဏ်တို့ကြား ဆက်သွယ်မှုကို ပြန်လည်တူးဖော်ကာ သတင်းအမှားလွှင့်ခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ငွေကြေးပိုင်းဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်တွေအရ Deutsche ဘဏ်မှာ ထရန့်အပ်နှံထားတဲ့ငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းပေါင်း တစ်သောင်းသုံးထောင်ကျော်ရှိနေတယ် လို့ လေ့လာသူတွေက အခိုင်အမာ ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး ထရန့်ရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ မစ္စတာ ထရယ်ဘယ်ရီကတော့ ဒေါ်နယ်ထရန့်လို့ လူသိများတဲ့ပုဂ္ဂိုလ်တစ်ဦးက ဘဏ်ကနေ လူမသိသူမသိ ချေးငွေယူပြီးရွေးကောက်ပွဲဝင်ခဲ့တယ်ဆိုတာ ဖြစ်ရောဖြစ်နိုင်ရဲ့လားလို့ မီဒီယာတွေဘက်ကို ပြန်မေးခွန်းထုတ်ထားပါတယ်။

ဒီကောလဟာလသတင်းတွေနဲ့ပတ်သတ်ပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သမ္မတထရန့်ဟာ ချေးငွေမယူခဲ့ပေမဲ့ အဆိုပါဘဏ်မှာ အပ်ငွေ အမြောက်အများရှိနေတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်