နနွင်းဈေးတက်လာသော်လည်း စိုက်ပျိုးသူ နည်းပါး

ပြည်တွင်းရှိ နနွင်းစိုက်ခင်းတစ်ခုကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - စိုက်ပျိုးရေးဦးစီးဌာန

မော်လမြိုင် ဇန်နဝါရီ

ပြည်ပဈေးကွက်ဝင် နနွင်းမှာ ယခုနှစ်အတွင်း ဈေးနှုန်းမြင့်တက်လာခဲ့သော်လည်း မွန်ပြည်နယ်အတွင်း စိုက်ပျိုးရောင်းချသူ နည်းပါးနေသေးကြောင်း မွန်ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောသည်။

“ဒီနှစ်အဖွင့်ဈေးကတော့ တော်တော်ကောင်းတယ်၊ ကျွန်တော်တို့ မွန်ပြည်နယ်မှာက နနွင်းကို သိပ်မစိုက်ကြဘူး၊ အခုက ပြည်ပဈေးကွက်ဝင်တယ်ဆိုတော့ ဒီကတောင်သူတွေကိုလည်း စိုက်စေချင်တယ်”ဟု ၎င်းက ပြောသည်။

ယခင်နှစ်က နနွင်း တစ်ပိဿာ ၄,၂ဝဝ ကျပ်ဖြင့် ဈေးဖွင့် ရောင်းချခဲ့သော်လည်း ယခုနှစ်တွင်မူ ကျပ် ၄,၆ဝဝ ဖြင့် ဈေးဖွင့် ရောင်းချခဲ့ကြောင်း ပြောသည်။

နနွင်းကို မိုးဦးကာလတွင် စတင်စိုက်ပျိုးကာ မိုးနှောင်းကာလတွင် တူးဖော် ရောင်းချနိုင်ပြီ ဖြစ်သော်လည်း စနစ်တကျ စိုက်ပျိုးရမည်ဖြစ်ကြောင်း ကမာဝက်မှ ရော်ဘာသီးညှပ်စိုက် တောင်သူ ဦးတင်မြင့်ဝင်းက ပြောကြားသည်။

“နနွင်းက အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အမျိုးအစားထဲမှာပါတယ်၊ အပင်သက်တမ်းက လေးလလောက်ပဲ ကြာတယ်၊ ဒါပေမဲ့ မြောင်းဖော်တာတို့ ရေလောင်းတာတို့ကို စနစ်တကျလုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နနွင်းကို ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး၊ ကော့ကရိတ်၊ ကော့စိန် နှင့် ကော့ပေါက်ကျေးရွာတို့တွင် အဓိကစိုက်ပျိုးနေပြီး ချောင်းဆုံ၊ မုဒုံနှင့် သထုံမြို့တို့တွင် သီးထပ်သီးညှပ်အဖြစ်စိုက်ပျိုးလာကြပြီဖြစ်သည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ပျိုးမှုများသောကြောင့် ရော်ဘာပင်များအကြားတွင် နနွင်းအပါအဝင် အခြားသီးနှံံများကို ကြားညှပ် စိုက်ပျိုးကြရန် ပြည်နယ် ပဲ၊ နှမ်းကုန်သည်အသင်းက အကြံပြုတိုက်တွန်းထားသည်။

နနွင်းပင်သည် တိရစ္ဆာန်နှင့် ပိုးမွှားများ ဖျက်ဆီးမှုနည်းခြင်း၊ သီးထပ် သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်း စသည့်အားသာချက်များရှိသောကြောင့် တောင်သူများအနေဖြင့် ဝင်ငွေတိုးစေရန် စိုက်ပျိုးသင့်ကြောင်း နှင့် ဆေးဖက်ဝင်သည်သာမက အသုံးဝင်မှုများသောကြောင့် အိန္ဒိယ၊ ထိုင်းနှင့် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့နေပြီး အခြားနိုင်ငံများကလည်း အဝယ်လိုက်နေကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply