နိုင်ငံတကာ ထောက်ပံ့မှု ဗင်နီဇွဲလားစစ်တပ်က ပိတ်ဆို့ဟန့်တား

27

 

ကာရာကတ်စ် ဖေဖော်ဝါရီ ၆

လူသားချင်းစာနာထောက် ထားမှု ထောက်ပံ့ပစ္စည်းများပေးပို့မှုကို ပိတ်ဆို့ဟန့်တား ရန် ကိုလံဘီယာနယ်စပ် တံတားတစ်စင်းကိုဗင်နီဇွဲလားတပ်မတော်က ပိတ်ဆို့ထား ခဲ့ကြောင်း အေက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။

အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွါအီဒိုက လက်ရှိ သမ္မတနီကိုလက်စ်မာဒူရိုအား ရာထူးမှ နုတ်ထွက်ပေးရန် တရားဝင် တောင်းဆိုခဲ့ပြီးနောက် တပ်မတော်က လူသား ချင်းစာနာထောက်ထားမှု ပစ္စည်းများပေးပို့မှုကို တားဆီး ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၆ ရက်အစောပိုင်းက တပ်မတော် အနေဖြင့် လူသားချင်းစာနာထောက်ထားသည့် ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်တားဆီးကာ သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်ပြီး လုပ်ဆောင်ခြင်း မပြုပါရန် အတိုက်အခံပါတီက သတိပေးပြောကြားခဲ့ကြောင်း သိရ သည်။

ဗင်နီဇွဲလားနိုင်ငံအတွင်း အစားအစာနှင့်ဆေးဝါး ထောက်ပံ့မှုများ စသည့်လူသားချင်းစာနာထောက်ထား သည့် ထောက်ပံ့မှုများမရရှိပါက ပြည်သူပေါင်းသုံးသိန်းခန့် အသက်အ္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်ဟု အတိုက် အခံခေါင်းဆောင် ဂွါအီဒိုက အခိုင်အမာပြောကြားခဲ့ သည်။

ယင်းသို့ နိုင်ငံအတွင်းသို့ ထောက်ပံ့ပစ္စည်းများ တင်သွင်းမှုသည် အမေရိကန်နိုင်ငံက ဦးဆောင်ပြီး ရှေ့တော် ပြေးကျူးကျော်ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအတွင်းသို့ မည်သည့်ကျူးကျော်သူကိုမျှ ဝင်ရောက် ခွင့်မပြုနိုင်ကြောင်း သမ္မတ မာဒူရိုက ဆိုသည်။

ထောက်ပံ့ပစ္စည်းများ နိုင်ငံအတွင်း ဝင်ရောက်မှု မရှိစေရန် သမ္မတ မာဒူရိုအားထောက်ခံသည့် တပ်မတော် က ကြီးမားသည့် ကွန်တိန်နာတစ်ခုပါဝင်သော ကုန်တင် ကားကြီးတစ်စီးကို ကိုလံဘီယာနိုင်ငံ ကျူကျူတာမြို့မှ ဗင်နီဇွဲလားနိုင်ငံ ယူရီနာမြို့သို့ သွယ်တန်းတည်ဆောက် ထားသည့် တီယန်ဒီတာစ်တံတားအဆင်း၌ ပိတ်ဆို့ ကာရံ ထားကြောင်း သိရသည်။

CNN

Advertisements

Leave a Reply