ဆူဒန်တွင် အီဂျစ်ကုန်စည်များပိတ်ပင်ခြင်းကို ရုတ်သိမ်း

ခါတွန် ဖေဖော်ဝါရီ ၈

အီဂျစ် ကုန်စည်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို ပြန်လည် ရုပ်သိမ်းကြောင်း ဆူဒန် နိုင်ငံမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက်တွင် ကြေညာလိုက်သည်။

“အီဂျစ် နိုင်ငံက ကုန်စည်တွေနဲ့လူသုံးကုန် ပစ္စည်းတွေကို ဘယ်သူမဆို ကုန်သွယ် မှတ်ပုံတင်ကာ တင်သွင်း နိုင်ပါတယ်”ဟု ဆူဒန်နိုင်ငံ စက်မှု နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းရေးမှူး Abdul-Rahman Agab Ahmed က ပြောသည်။
ပို့ကုန် ၊ သွင်းကုန်များအား စီးပွားရေး အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှတစ်ဆင့်သာ ပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တင်သွင်းလာသော လူသုံးကုန် ပစ္စည်းများ နှင့် ကုန်စည်များ စံချိန်စံညွှန်းများ မပြည့်မီပါက ကျန်းမာရေး အခြေအနေ နှင့် ဥပဒေ အရ သို့တင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း တရားဝင် မှတ်ချက် ပြုခဲ့သည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဆူဒန် နိုင်ငံ သမ္မတ Omar al-Bashir သည် အီဂျစ် နိုင်ငံမှ အသီးအရွက်များအား ဓာတ်ခွဲ စမ်းသပ်မှု ပြီးစီးသည် အထိ ယာယီ ပိတ်ပင်မှု ချမှတ်ခဲ့ပြီးနောက်တွင် အီဂျစ် နိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များ ၊ မျိုးစေ့များ ၊ ပျိုးပင်များ တင်သွင်းခြင်းကို တားမြစ်သည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်မူ အီဂျစ်ကုန်စည်များ ဆူဒန် နိုင်ငံသို့တင်သွင်းမှုအား ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဖရိကနိုင်ငံများသို့ အီရန်၏ ကုန်ပစ္စည်းတင်ပို့မှုများသည် ယခု နှစ် ပြီးခဲ့သည့်မတ်လမှ စက်တင် ဘာလအထိ ပထမခြောက်လတာ ကာလအတွင်းတွင် ယမန်နှစ် အလားတူ ကာလကထက် ၁၇ ရာခိုင်နှုန်းပိုမိုမြင့်တက်လာသည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနညွှန်ကြား ရေးမှူးချုပ်Farzad Piltan ၏ ကြေညာချက်အရသိရသည်။

ထို့ပြင် အီဂျစ်၊ ကင်ညာ၊ ဆူဒန်၊ တောင် အာဖရိက၊ တူနီးရှား၊ မော်ရိုကို၊ မိုဇမ်ဘတ်ခ်၊ တန်ဇန်းနီးယား၊ ဂျဘူတီနှင့် ဆိုမာလီနိုင်ငံတို့အပါ အဝင် အာဖရိကနိုင်ငံများသို့ အီရန် ၏ရေနံတင်ပို့မှုသည် ပထမခြောက် လတာကာလအတွင်း တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၃၉၇သန်း ရှိသည်ဟုလည်း ၎င်းကပြောကြား ခဲ့သည်။
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင် အာဖရိကနိုင်ငံများသို့ တင်ပို့မှု တန်ဖိုးစုစုပေါင်းသည် ဒေါ်လာ ၇၅၂ သန်းခန့်ရှိပြီး ၂ဝ၁၇ ခုနှစ်က ထက် ဒေါ်လာ ၁၄၂ သန်းပိုမိုများ ပြားကြောင်းသိရသည်။ အာဖရိက နိုင်ငံများသို့အီရန်မှအများဆုံး တင်ပို့သည့်ကုန်ပစ္စည်းများမှာ သံ၊ သံမဏိ၊ bitumen၊ ဂက်စ်အရည်၊ ဓာတုထုတ်ကုန်များ၊ ဘိလပ်မြေ၊ ရိက္ခာခြောက်၊ ဘီစကစ်များ၊ ချော ကလက်၊ ကြမ်းအခင်းများ၊ ရေနံ ဆီ၊ Vaseline လိမ်းဆေး၊မော်တော် ယာဉ်ဆီများနှင့် စပျစ်သီးခြောက် များဖြစ်သည်။

CNN

Leave a Reply