Advertisements

ပြည်ပ ရွှေ့ပြောင်းလုပ်သားများ လိမ်လည် အမြတ်ထုတ်ခံရပါက တိုင်ကြားနိုင်

ထားဝယ် ဖေဖေါ်ဝါရီ ၈

ပြည်ပတွင် ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်စဉ် လိမ်လည်ခံရခြင်း ၊ သို့မဟုတ် အမြတ်ထုတ်ခံရခြင်းများရှိခဲ့ပါက ရွှေ့ ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဌာန(MRC)သို့ လာရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

အေဂျင်စီ သို့မဟုတ် ပွဲစားတို့က ငွေယူ ပြီး လိမ်လည်သည်ဟု တိုင်ချက်လာဖွင့်လျှင် ပြည်ထောင်စုထံ တင်ပြပြီး ပြဿနာကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ယင်းဌာန ညွန်ကြားရေးမှူး ဒေါ်မို့မို့သွင်က ပြောသည်။

MRC သည် အခြားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်နေထိုင်မည့်သူများအတွက် သတင်းအချက်အလက်များနှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးလျှက်ရှိကြောင်း၊ အထက်ပါဌာနတွင် ရုံးခန်း ပူးတွဲ ဖွင့်လှစ်ထားပြီး ၂၀၁၈ခုနှစ်တွင် ရွှေ့ပြောင်းလုပ်သား ၆၈ဦး လာရောက်၍ သတင်းအချက်အလက်မေးမြန်းခဲ့ကြောင်း သိရသည်။

Advertisements

လက်ရှိအချိန်တွင်ရွှေ့ပြောင်းသွားလာခြင်းနှင့်ပတ်သက်၍ MRCရုံးသို့ တိုင်ကြားမှုမရှိဘဲ ဆွေးနွေးမှုသာ ရှိကြောင်း၊ လာရောက်ဆွေးနွေးသူများတွင် ထိုင်းနိုင်ငံ သို့သွားရောက်မည့်သူများဖြစ်ကြောင်း ဒေါ်မို့မို့သွင်က ဆိုသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ခွင့် ဝန်ဆောင်မှု ပြုရန် တရားဝင်ခွင့်ပြုချက် လိုင် စင်ရထားသည့် အေဂျင်စီ ၁၁၁ခု ရှိသည်။ ရွှေ့ပြောင်းလုပ်သားတစ်ဦးလျှင် မြန်မာဖက်မှ အေဂျင်စီ ဝန်ဆောင်ခ ကျပ်တစ်သိန်းခွဲ ပေးဆောင်ရန်ဌာနက သတ်မှတ် ထားြ့ပီး ထိုင်းဖက်မှအေဂျင်စီဝန်ဆောင်ခအဖြစ် ဘတ်၅၀၀၀ (မြန်မာငွေ ကျပ်၂သိန်းခွဲနီးပါး)ကုန်ကျမည်ဖြစ်ကြောင်း သိရ သည်။

ယင်းသို့ဝန်ဆောင်ခနှုန်းထားသတ်မှတ်ထားသော်လည်း လက်တွေ့တွင် တစ်ဆခန့်ပိုပေးနေရသည်ဟု ရွှေ့ပြောင်းလုပ်သားများနှင့် နီးစပ်သူများထံမှ သိရသည်။

တင့်လွင်

Advertisements

Leave a Reply